Chess is played all over the world, and also in Myanmar. People in Myanmar play both international chess and Myanma Traditional Chess. It is even one of the sport in SEAP games and SEA games. Some special chess pieces related to Myanmar can be seen on the stamps of Equatorial Guinea. The 8 stamps set issued in 1976 contains two stamps that depicting Myanmar chess piece. One of its, 8EK valued, is showing the Bishop piece and stating "Bishop - Chinese/Burmese" in red background. Another, valued 30EK, shows Knight (Horse) with description "Knight - Burmese 19th Centuary". In Myanma Traditional Chess (Sit Tu Yin), the knight is horse, same as international chess. But, bishop is different. Bishop is an elephant in Myanma Traditional Chess. Based on this fact, we can conclude the images shown are not from Myanma Traditional Chess. These may be some international chess pieces played in Myanmar.
Cindrella stamps in chess theme with the country name of Myanmar are also available in the market. The denominations are described in MM Kyats and the country name is printed as "Union of Myanmar". The stamps are struck with the fake postmark with the text "Union of Myanmar, Yangon" without date. Myanma Post and Telecommunication announces that all these stamps are illegals. The list of illegal stamps of Myanmar can be seen at (http://www.pwmo.org/Illegals/frame-illegals-en.htm). In this article, the illegal stamps in chess theme will be mentioned.
In 2001, 9 types of Souvenir Sheets named Kings of Chess, and 3 types of SS named Kings and Chess. All stamps are denominated at 300 Kyats and shows the famous chess players.
In the same year, two types of stamps sheetlet with 9 stamps each was spread in the market. One is horizontal type and one is vertical type. The values of stamps in each sheetlet are two 10 Kyats, two 20 Kyats, one 50 Kyats, two 100 Kyats and two 200 Kyats. As these are illegals, these cannot be used to post a mail, but were purchased by Cindrella Stamps Collectors.
In Burmese
နိုင်ငံတကာ တံဆိပ်ခေါင်းများပေါ်က
မြန်မာ (၁)း စစ်တုရင်
မြန်မာလူမျိုး တံဆိပ်ခေါင်းစုဆောင်းသူတို့၊
မြန်မာကို စိတ်ဝင်စားသော တံဆိပ်ခေါင်းစုဆောင်းသူတို့ အတွက်ရည်ရွယ်ပြီး နိုင်ငံတကာ တံဆိပ်ခေါင်းများပေါ်က မြန်မာ အမည်ရှိ ဆောင်းပါးများကို ရေးသားသွားပါမယ်။ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ထုတ်ဝေထားသော
မြန်မာအကြောင်းအရာပါ တံဆိပ်ခေါင်းများအကြောင်းကို တင်ပြသွားမှာဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ နိုင်ငံတကာ တံဆိပ်ခေါင်းများပေါ်မှ
မြန်မာနိုင်ငံသုံး စစ်တုရင်ရုပ်များနှင့် စစ်တုရင် အကြောင်းအရာပါ မြန်မာတံဆိပ်ခေါင်း
အတုများ အကြောင်း ကိုတင်ပြထားပါတယ်။
စစ်တုရင် အားကစားနည်းကို
နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ ကျယ်ပြန့်စွာ ကစားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာ စစ်တုရင် ကစားနည်းအပြင်
မြန်မာ့ရိုးရာ စစ်တုရင်ကိုပါ ကစားကြပါတယ်။
မြန်မာ့ ရိုးရာ စစ်တုရင် ခေါ် စစ်ဘုရင် ကစားနည်းကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလဲ
ထည့်သွင်းယှဉ်ပြိုင်စေပါတယ်။ စစ်တုရင်ကစားနည်းမှာ
အသုံးပြုတဲ့ အရုပ်များကို အာဖရိကတိုက် Equatorial Guinea နိုင်ငံထုတ် တံဆိပ်ခေါင်းများပေါ်မှာ
တွေ့မြင်ရပါတယ်။ ၁၉၇၆ ခုနှစ်ထုတ် တံဆိပ်ခေါင်း
၈ လုံးပါအစုံမှ ၂ လုံးကို မြန်မာစစ်တုရင်ရုပ်အဖြစ် ဖေါ်ပြထားပါတယ်။ 8 EK တန်ဖိုးရှိ တံဆိပ်ခေါင်းမှာ အနီရောင်နောက်ခံပေါ်တွင်
ဘုန်းကြီးရုပ် ရိုက်နှိပ်ထားပြီး Bishop - Chinese/Burmese ဟုရေးသားဖေါ်ပြ ပါရှိပါတယ်။ နောက်တစ်လုံးမှာ အစိမ်းရောင်နောက်ခံ မြင်းရုပ်ဖြစ်ပြီး
30 EK တန်ဖိုးရှိပါတယ်။ Knight – Burmese
19th Century ဟုရေးသားထားပါတယ်။
မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်းတွင် Knight မှာ မြင်းရုပ်ပင်ဖြစ်ပြီး၊ Bishop
မှာ ဆင်ဖြစ်ပါတယ်။ ထို့ကြောင့် ယခုတံဆိပ်ခေါင်းများပေါ်မှ
အရုပ်များဟာ မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်းမှ အရုပ်များမဟုတ်ကြပါ။ မြန်မာနိုင်ငံတွင်အသုံးပြုခဲ့သော နိုင်ငံတကာ စစ်တုရင်ကစားနည်းမှ
အရုပ်များဟု သုံးသပ်မိပါတယ်။ ဖေါ်ပြထားသော စစ်တုရင်ရုပ်များမှာ
မြန်မာမှူလက်ရာများ မပါရှိသော်လည်း ရေးသားဖေါ်ပြချက်များအရ ဤဆောင်းပါးတွင် ထည့်သွင်း
မှတ်တမ်းတင်ရပါသည်။
စစ်တုရင် အကြောင်းအရာဖြင့် မြန်မာတံဆိပ်ခေါင်း အတုများလည်း ဈေးကွက်တွင် ထွက်ရှိခဲ့ပါသေးတယ်။ တံဆိပ်ခေါင်းများပေါ်တွင် "Union of Myanmar" ပြည်ထောင်စု မြန်မာနိုင်ငံဟု ရိုက်နှိပ်ထားပြီး တန်ဘိုးများကို မြန်မာကျပ်ငွေများဖြင့် ဖေါ်ပြထားပါတယ်။ တံဆိပ်ခေါင်းများကို စက်ဝိုင်းပုံ Union of Myanmar, Yangon တံဆိပ်တုံးဖြင့် ရိုက်နှိပ်ထားပြီး ရက်စွဲမပါရှိပါ။ မြန်မာ့ဆက်သွယ်ရေးမှ ထိုတံဆိပ်ခေါင်းများအား တရားမ၀င် တံဆိပ်ခေါင်းများ (အတုများ) အဖြစ် ကြေငြာခဲ့ပါတယ်။ ထိုစဉ်ကထွက်ရှိခဲ့သော တံဆိပ်ခေါင်း အတုများ စာရင်းကို (http://www.pwmo.org/Illegals/frame-illegals-en.htm) တွင်လေ့လာနိုင်ပါတယ်။ ယခုဆောင်းပါးတွင် စစ်တုရင်အကြောင်းအရာပါ မြန်မာတံဆိပ်ခေါင်း အတုများကို တင်ပြပါမည်။
၂၀၀၁ ခုနှစ်တွင် စစ်တုရင် ဘုရင်များ ဟုအမည်ပေးထားသည့် Souvenir Sheets ၉ မျိုးနှင့် စစ်တုရင်နှင့်ဘုရင်များဟု အမည်ပေးထားသည့် Souvenir Sheets ၃ မျိုး၊ စုစုပေါင်း မြန်မာတံဆိပ်ခေါင်းအတု ၁၂ မျိုး ထွက်ရှိခဲ့ပါတယ်။ တန်ဖိုးကျပ် ၃၀၀ ရိုက်နှိပ်ထားပြီး နာမည်ကျော်
စစ်တုရင်ကစားသမားများ၏ ရုပ်ပုံနှင့် ၄င်းတို့၏အမည်များ ဖေါ်ပြပါရှိပါတယ်။
၂၀၀၁
ခုနှစ်တွင်ပင် မြန်မာတံဆိပ်ခေါင်းအတု ၉ လုံးပါ Sheetlet ၂
မျိုးလည်းထွက်ရှိခဲ့ပါတယ်။
ထောင်လိုက်အနေအထားတစ်မျိုးနှင့် အလျားလိုက် အနေအထား
တစ်မျိုးဖြစ်ပါတယ်။ ၂မျိုးစလုံးတွင်
ပါရှိသော တံဆိပ်ခေါင်း တန်ဖိုးများမှာ ၁၀ ကျပ်တန် ၂ လုံး၊ ၂၀ ကျပ်တန် ၂ လုံး၊ ၅၀
ကျပ်တန် ၁ လုံး၊ ၁၀၀ ကျပ်တန် ၂ လုံး၊ ၂၀၀ ကျပ်တန် ၂ လုံး ဖြစ်ပါတယ်။ ထိုတံဆိပ်ခေါင်းများမှာ
တံဆိပ်ခေါင်းအတုများဖြစ်သောကြောင့် စာပို့ရာတွင် အသုံးပြု၍မရနိုင်ပါ။ သို့ရာတွင်
တံဆိပ်ခေါင်းအတု စုဆောင်းသူများ (Cindrella Stamps Collectors) က ၀ယ်ယူစုဆောင်း
တက်ကြပါသည်။