နိုင္ငံတကာ တံဆိပ္ေခါင္းမ်ားေပၚက ျမန္မာ (၃) : ျမန္မာ့ဆင္ <Zawgyi Version>
၂၀၁၃ ခုႏွစ္ စာရင္းဇယားမ်ား အရ ျမန္မာနိုင္ငံတြင္ ဆင္ရိုင္းေကာင္ေရ ၅၀၀၀ ခန္႔ရွိသည္ဟု ခန္႔မွန္းသည္။ ျမန္မာနိုင္ငံသည္ အာရွတြင္ ဆင္အမ်ားဆံုးပိုင္ဆိုင္ေသာ နိုင္ငံလည္းျဖစ္သည္ [1]။ သို႔ေသာ္ သစ္လုပ္ငန္းအတြက္ ဖမ္းယူေလ့က်င့္ျခင္းႏွင့္ ဆင္မုဆိုးမ်ားက ဆင္စြယ္ခိုးယူရန္ဖမ္းစီး သတ္ျဖတ္ျခင္းမ်ားေၾကာင့္ မၾကာခင္ႏွစ္မ်ားအတြင္း ဆင္ေကာင္ေရသည္ သိသိသာသာ ေလ်ာ့ပါးလာလွ်က္ရွိသည္။ လြန္ခဲ႔ေသာႏွစ္ ၂၀၀ ေက်ာ္ အတြင္း ျမန္မာနိုင္ငံအတြင္း သစ္လုပ္ငန္းမ်ားသည္ ဆင္မ်ားကိုသာအားကိုး လုပ္ကိုင္ခဲ႔ရသည္။
ျမန္မာ့တံဆိပ္ေခါင္းမ်ားတြင္ ဆင္ပံုပါေသာ တံဆိပ္ေခါင္းဒီဇိုင္းမ်ားကို ကိုလိုနီေခတ္၊ ဂ်ပန္ေခတ္ႏွင့္ လြတ္လပ္ေရးရျပီးေခတ္ အထိေခတ္စံု အသံုးျပဳခဲ႔ၾကသည္ [2]။ ၁၉၃၇ ခုႏွစ္ထုတ္ ယာယီသံုး ျမန္မာတံဆိပ္ေခါင္း အစံုတြင္ ဆင္ရုပ္ပံုကို အေစာဆံုးေတြ႔ရွိရသည္။ 1 Anna တန္ဖိုးရွိ တံဆိပ္ေခါင္း ေအာက္ေျခတြင္ ဆင္ေလးေကာင္ပံုကို ပါရွိသည္။ ထို႔ျပင္ 1 Rs မွ 25Rs အထိ တန္ဘိုးျမင့္ တံဆိပ္ေခါင္းအားလံုး (ဒီဇိုင္းတူ အေရာင္၊ တန္ဘိုးကြဲ တံဆိပ္ေခါင္း ၆ မ်ိဳး) တြင္လည္း ဆင္ဦးစီးက ခြ်န္းကိုင္၍ဆင္စီးေနဟန္ ရိုက္ႏွိပ္ထားသည္။
ဒီဇိုင္း
|
မ်ိဳးကြဲမ်ား
|
၁
|
၁
မ်ိဳး
(၁၉၃၇)
1A တန္ဘိုးရွိ တံဆိပ္ေခါင္း
|
၂
|
၆
မ်ိဳး
(၁၉၃၇)
1R, 2R, 5R, 10R, 15R ႏွင့္ 25R တန္ဘိုးရွိ တံဆိပ္ေခါင္းမ်ား
|
၃
|
၄
မ်ိဳး
(၁၉၃၈)
3As တန္ဘိုးရွိ ခရမ္းရင့္ေရာင္ တံဆိပ္ေခါင္း
(၁၉၄၅)
အထက္ပါ တံဆိပ္ေခါင္းေပၚတြင္ “MILY ADMN” ထပ္ဆင့္ရိုက္
(၁၉၄၆)
ဒီဇိုင္းတူ အေရာင္ေျပာင္း ခရမ္းျပာေရာင္ တံဆိပ္ေခါင္း
(၁၉၄၇)
အထက္ပါ တံဆိပ္ေခါင္းေပၚတြင္ “ၾကားျဖတ္အစိုးရ” ထပ္ဆင့္ရိုက္
|
၄
|
၅
မ်ိဳး
(၁၉၄၃)
5c, 10c, 15c, 20c ႏွင့္ 30c တန္ဘိုးရွိ တံဆိပ္ေခါင္းမ်ား
|
၅
|
၁
မ်ိဳး
(၁၉၄၆)
3As 6ps တန္ဘိုးရွိ တံဆိပ္ေခါင္း
|
၆
|
၅
မ်ိဳး
(၁၉၄၉)
4As တန္ဘိုးရွိ ေခ်ာကလက္ေရာင္ တံဆိပ္ေခါင္း
(၁၉၄၉)
အထက္ပါ တံဆိပ္ေခါင္းေပၚတြင္ “အစိုးရ ကိစၥ” ထပ္ဆင့္ရိုက္
(၁၉၅၂)
4As တန္ဘိုးရွိ ဒီဇိုင္းတူ အေရာင္ေျပာင္း လိေမၼာ္ေရာင္သမ္းေသာ အနီေရာင္ တံဆိပ္ေခါင္း
(၁၉၅၄)
ဒီဇိုင္းတူ တန္ဘိုးေျပာင္း 3ps တန္ဘိုးရွိတံဆိပ္ေခါင္း
(၁၉၅၄)
အထက္ပါ တံဆိပ္ေခါင္းေပၚတြင္ “အစိုးရ ကိစၥ” ထပ္ဆင့္ရိုက္
|
နိုင္ငံတကာမွ ထုတ္ေ၀ေသာ တံဆိပ္ေခါင္းမ်ားတြင္ ျမန္မာ့ဆင္ပံုပါေသာ တံဆိပ္ေခါင္း ၂ မ်ိဳးေလ့လာေတြ႔ရွိရသည္။ ပထမတစ္မ်ိဴးမွာ Guyana နိုင္ငံမွ ထုတ္ေ၀ေသာ တံဆိပ္ေခါင္းတစ္မ်ိဳးျဖစ္သည္။ ျမန္မာ့ သစ္ဆြဲဆင္တစ္ေကာင္ သစ္လံုးဆြဲေနဟန္ေဖၚျပထားသည္။ ဆင္ထက္တြင္ ဆင္ဦးစီးကိုလဲေတြ႔နိုင္သည္။ $50 တန္ဘိုးရွိျပီး Elephant pulling tree trunks (Burma) ဟုေရးသားေဖၚျပထားသည္။ ထိုတံဆိပ္ေခါင္းအစံုတြင္ ဆင္ရုပ္ပံုပါ တံဆိပ္ေခါင္း ၈ မ်ိဳးပါ၀င္ျပီး Miniature Sheet အျဖစ္ထုတ္ေ၀သည္။ ၁၉၉၂ ခု ၾသဂုတ္လ ၁၀ ရက္ေန႔တြင္ ထုတ္ေ၀ခဲ႔သည္။
ဒုတိယတစ္မ်ိဳးမွာ ထိုင္းနိုင္ငံထုတ္ ဆင္းစီးခ်င္းထိုးပဲြ ႏွစ္ ၄၀၀ ျပည့္တံဆိပ္ေခါင္းျဖစ္သည္။ နရဲစြမ္ ႏွင့္ မင္းၾကီးစြာ ဆင္ေပၚမွ စီးခ်င္းထိုးေနဟန္ နံရံပန္းခ်ီကားကို ရီုက္ႏွိပ္ထားသည္။ ၁၅၉၂ ခုႏွစ္တြင္ နႏၵဘုရင္ အမိန္႔အရ အိမ္ေရွ႔ဥပရာဇာျဖစ္ေသာ မင္းၾကီးစြာသည္ ယိုးဒယားသို႔ စစ္ခ်ီလာခဲ႔သည္။ ယိုးဒယားဘုရင္နရဲစြမ္နွင့္ အေတြ႔တြင္ ဆင္ေပၚမွ စီးခ်င္းထိုး တိုက္ခိုက္ၾကသည္။ အယုဒၶယျမိဳ႔ရွိ Wat Suwan Dararam ဘုရားေက်ာင္း၌ ထိုတိုက္ပဲြျမင္ကြင္းကို နံရံပန္းခ်ီ ေရးသားထားသည္။ ထိုတိုက္ပြဲတြင္ မင္းၾကီးစြာ အနည္းငယ္ဒဏ္ရာရျပီး ဆုတ္ခြာခဲ႔ရသည္။ [3] Face Value 2 Bath ရိုက္ႏွိပ္ထားသည့္ထိုတံဆိပ္ေခါင္းကို ၁၉၉၂ ခုႏွစ္ ဇန္န၀ါရီလ ၁၈ ရက္ေန႔တြင္ ထုတ္ေ၀ခဲ႔သည္။
ကိုးကား
[1] Nirmal Ghosh, “Burma’s Last Timber Elephants”, Aljazeera, Web, 25 October 2013, retrieved from http://www.aljazeera.com/programmes/101east/2013/10/burmas-last-timber-elephants-20131022121426928192.html
[2] Kyaw Myint Maung, “The Burmese Timber Elephant on Postage Stamps”, The Burma Peacock, 13(3), 53-56, 1992.
[3] “Naresuan”, retrieved from https://en.wikipedia.org/wiki/Naresuan#The_elephant_battle
-----------------------------------------------------------------------------------------------------------------------------
နိုင်ငံတကာ တံဆိပ်ခေါင်းများပေါ်က မြန်မာ (၃) : မြန်မာ့ဆင် <Unicode Version>
၂၀၁၃ ခုနှစ် စာရင်းဇယားများ အရ မြန်မာနိုင်ငံတွင် ဆင်ရိုင်းကောင်ရေ ၅၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းသည်။ မြန်မာနိုင်ငံသည် အာရှတွင် ဆင်အများဆုံးပိုင်ဆိုင်သော နိုင်ငံလည်းဖြစ်သည် [1]။ သို့သော် သစ်လုပ်ငန်းအတွက် ဖမ်းယူလေ့ကျင့်ခြင်းနှင့် ဆင်မုဆိုးများက ဆင်စွယ်ခိုးယူရန်ဖမ်းစီး သတ်ဖြတ်ခြင်းများကြောင့် မကြာခင်နှစ်များအတွင်း ဆင်ကောင်ရေသည် သိသိသာသာ လျော့ပါးလာလျှက်ရှိသည်။ လွန်ခဲ့သောနှစ် ၂၀၀ ကျော် အတွင်း မြန်မာနိုင်ငံအတွင်း သစ်လုပ်ငန်းများသည် ဆင်များကိုသာအားကိုး လုပ်ကိုင်ခဲ့ရသည်။
မြန်မာ့တံဆိပ်ခေါင်းများတွင် ဆင်ပုံပါသော တံဆိပ်ခေါင်းဒီဇိုင်းများကို ကိုလိုနီခေတ်၊ ဂျပန်ခေတ်နှင့် လွတ်လပ်ရေးရပြီးခေတ် အထိခေတ်စုံ အသုံးပြုခဲ့ကြသည် [2]။ ၁၉၃၇ ခုနှစ်ထုတ် ယာယီသုံး မြန်မာတံဆိပ်ခေါင်း အစုံတွင် ဆင်ရုပ်ပုံကို အစောဆုံးတွေ့ရှိရသည်။ 1 Anna တန်ဖိုးရှိ တံဆိပ်ခေါင်း အောက်ခြေတွင် ဆင်လေးကောင်ပုံကို ပါရှိသည်။ ထို့ပြင် 1 Rs မှ 25Rs အထိ တန်ဘိုးမြင့် တံဆိပ်ခေါင်းအားလုံး (ဒီဇိုင်းတူ အရောင်၊ တန်ဘိုးကွဲ တံဆိပ်ခေါင်း ၆ မျိုး) တွင်လည်း ဆင်ဦးစီးက ချွန်းကိုင်၍ဆင်စီးနေဟန် ရိုက်နှိပ်ထားသည်။
ဒီဇိုင်း
|
မျိုးကွဲများ
|
၁
|
၁ မျိုး
(၁၉၃၇) 1A တန်ဘိုးရှိ တံဆိပ်ခေါင်း |
၂
|
၆ မျိုး
(၁၉၃၇) 1R, 2R, 5R, 10R, 15R နှင့် 25R တန်ဘိုးရှိ တံဆိပ်ခေါင်းများ |
၃
|
၄ မျိုး
(၁၉၃၈) 3As တန်ဘိုးရှိ ခရမ်းရင့်ရောင် တံဆိပ်ခေါင်း
(၁၉၄၅) အထက်ပါ တံဆိပ်ခေါင်းပေါ်တွင် “MILY ADMN” ထပ်ဆင့်ရိုက်
(၁၉၄၆) ဒီဇိုင်းတူ အရောင်ပြောင်း ခရမ်းပြာရောင် တံဆိပ်ခေါင်း
(၁၉၄၇) အထက်ပါ တံဆိပ်ခေါင်းပေါ်တွင် “ကြားဖြတ်အစိုးရ” ထပ်ဆင့်ရိုက် |
၄
|
၅ မျိုး
(၁၉၄၃) 5c, 10c, 15c, 20c နှင့် 30c တန်ဘိုးရှိ တံဆိပ်ခေါင်းများ |
၅
|
၁ မျိုး
(၁၉၄၆) 3As 6ps တန်ဘိုးရှိ တံဆိပ်ခေါင်း |
၆
|
၅ မျိုး
(၁၉၄၉) 4As တန်ဘိုးရှိ ချောကလက်ရောင် တံဆိပ်ခေါင်း
(၁၉၄၉) အထက်ပါ တံဆိပ်ခေါင်းပေါ်တွင် “အစိုးရ ကိစ္စ” ထပ်ဆင့်ရိုက်
(၁၉၅၂) 4As တန်ဘိုးရှိ ဒီဇိုင်းတူ အရောင်ပြောင်း လိမ္မော်ရောင်သမ်းသော အနီရောင် တံဆိပ်ခေါင်း
(၁၉၅၄) ဒီဇိုင်းတူ တန်ဘိုးပြောင်း 3ps တန်ဘိုးရှိတံဆိပ်ခေါင်း
(၁၉၅၄) အထက်ပါ တံဆိပ်ခေါင်းပေါ်တွင် “အစိုးရ ကိစ္စ” ထပ်ဆင့်ရိုက် |
နိုင်ငံတကာမှ ထုတ်ဝေသော တံဆိပ်ခေါင်းများတွင် မြန်မာ့ဆင်ပုံပါသော တံဆိပ်ခေါင်း ၂ မျိုးလေ့လာတွေ့ရှိရသည်။ ပထမတစ်မျိူးမှာ Guyana နိုင်ငံမှ ထုတ်ဝေသော တံဆိပ်ခေါင်းတစ်မျိုးဖြစ်သည်။ မြန်မာ့ သစ်ဆွဲဆင်တစ်ကောင် သစ်လုံးဆွဲနေဟန်ဖေါ်ပြထားသည်။ ဆင်ထက်တွင် ဆင်ဦးစီးကိုလဲတွေ့နိုင်သည်။ $50 တန်ဘိုးရှိပြီး Elephant pulling tree trunks (Burma) ဟုရေးသားဖေါ်ပြထားသည်။ ထိုတံဆိပ်ခေါင်းအစုံတွင် ဆင်ရုပ်ပုံပါ တံဆိပ်ခေါင်း ၈ မျိုးပါ၀င်ပြီး Miniature Sheet အဖြစ်ထုတ်ဝေသည်။ ၁၉၉၂ ခု သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။
ဒုတိယတစ်မျိုးမှာ ထိုင်းနိုင်ငံထုတ် ဆင်းစီးချင်းထိုးပွဲ နှစ် ၄၀၀ ပြည့်တံဆိပ်ခေါင်းဖြစ်သည်။ နရဲစွမ် နှင့် မင်းကြီးစွာ ဆင်ပေါ်မှ စီးချင်းထိုးနေဟန် နံရံပန်းချီကားကို ရီုက်နှိပ်ထားသည်။ ၁၅၉၂ ခုနှစ်တွင် နန္ဒဘုရင် အမိန့်အရ အိမ်ရှေ့ဥပရာဇာဖြစ်သော မင်းကြီးစွာသည် ယိုးဒယားသို့ စစ်ချီလာခဲ့သည်။ ယိုးဒယားဘုရင်နရဲစွမ်နှင့် အတွေ့တွင် ဆင်ပေါ်မှ စီးချင်းထိုး တိုက်ခိုက်ကြသည်။ အယုဒ္ဓယမြို့ရှိ Wat Suwan Dararam ဘုရားကျောင်း၌ ထိုတိုက်ပွဲမြင်ကွင်းကို နံရံပန်းချီ ရေးသားထားသည်။ ထိုတိုက်ပွဲတွင် မင်းကြီးစွာ အနည်းငယ်ဒဏ်ရာရပြီး ဆုတ်ခွာခဲ့ရသည်။ [3] Face Value 2 Bath ရိုက်နှိပ်ထားသည့်ထိုတံဆိပ်ခေါင်းကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။
ကိုးကား
[1] Nirmal Ghosh, “Burma’s Last Timber Elephants”, Aljazeera, Web, 25 October 2013, retrieved from http://www.aljazeera.com/programmes/101east/2013/10/burmas-last-timber-elephants-20131022121426928192.html
[2] Kyaw Myint Maung, “The Burmese Timber Elephant on Postage Stamps”, The Burma Peacock, 13(3), 53-56, 1992.
[3] “Naresuan”, retrieved from https://en.wikipedia.org/wiki/Naresuan#The_elephant_battle