This article was published in Bagan Image Literature and Arts Magazine, Vol 1, No 4, 2018.
<Zawgyi Version - scroll down for Unicode Version>
ျမန္မာတို႔သည္ ပုဂံကိုခ်စ္ၾကသည္။ ျမတ္ႏိုးၾကသည္။ ပုဂံသည္ ျမန္မာတို႔အတြက္ ေရွးျမန္မာႀကီးမ်ား ခ်န္ရစ္ထားခဲ့ေသာ အဖိုးတန္ အေမြအႏွစ္ တစ္ခုလည္းျဖစ္သည္။ ျမန္မာအတြက္သာ မဟုတ္၊ ကမာၻ႔အတြက္ပါ တန္ဖိုးရွိလွေသာ ေရွးေဟာင္းယဥ္ေက်းမႈ ရတနာသိုက္ႀကီး ျဖစ္သည္။ ပုဂံတြင္ ေလ့လာစရာ၊ ၾကည့္ရႈစရာ၊ မွတ္တမ္းတင္စရာ မကုန္ႏိုင္ေအာင္ ေပါမ်ားလွသည္။ မၾကာေသးမွီက လႈပ္ခတ္ခဲ့ေသာ ငလွ်င္ေၾကာင့္ ပုဂံေဒသရွိ ေစတီပုထိုးမ်ား ၿပိဳၾကပ်က္စီးခဲ့သည္ကို ေတြ႕ရေသာ ျမန္မာလူမ်ိဳးအေပါင္းတို႔၏ စိတ္ႏွလုံးထိခိုက္ခဲ့ရသည္။ ပ်က္စီးခဲ့ေသာ ေစတီပုထိုးမ်ားကို ေရွးမူမပ်က္ ကမာၻ႔စံခ်ိန္စံႏႈန္းမ်ားႏွင့္ အညီျပဳျပင္ထိန္းသိမ္းႏိုင္ေစရန္ ႏႈိးေဆာ္လွ်က္ ဤေဆာင္းပါးကို ေရးသားရျခင္း ျဖစ္ေပသည္။ ဤေဆာင္းပါးေရးသားျဖစ္ေအာင္ စာေရးသူအား တိုက္တြန္းၿပီး အခ်က္အလက္အခ်ိဳ႕ ပံ့ပိုးေပးေသာ ေညာင္ဦးၿမိဳ႕မွ ဦးလႊမ္းမွီအားလည္း ေက်းဇူးတင္ေၾကာင္း ေဖာ္ျပလိုပါသည္။
၁၉၃၇ မွ ၂၀၁၅ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွ တံဆိပ္ေခါင္းအမ်ိဳးေပါင္း ၆၄၇ မ်ိဳးထုတ္ေဝခဲ့ရာ ပုဂံအေၾကာင္းအရာပါ တံဆိပ္ေခါင္း ၆ လုံးသာရွိသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံမွ ထုတ္ေဝေသာ တံဆိပ္ေခါင္းမ်ားအားလုံး၏ ဝ.၉၂% သာ ပုဂံအေၾကာင္းအရာပါ တံဆိပ္ေခါင္းျဖစ္သည္။ ပုဂံရႈခင္းမ်ားကို တံဆိပ္ေခါင္းကေလးမ်ားေပၚတြင္ ေတြ႕ျမင္ရသည္မွာ ၾကည္ႏူးဖြယ္ေကာင္းလွွေပသည္။ တံဆိပ္ေခါင္း ထုတ္ေဝစရာ အေၾကာင္းအရာမ်ားစြာလည္း ပုဂံတြင္ရွိေနေသးသည္။ နံရံေဆးေရးပန္းခ်ီမ်ား၊ ပုဂံေခတ္စဥ့္ကြင္းမ်ား၊ ထင္ရွားေသာ ေစတီပုထိုးမ်ား၊ ပုဂံေခတ္အက ကေနဟန္၊ ေက်ာက္စာ စသည္ျဖင့္ ထုတ္ေဝႏိုင္ေပသည္။ တံဆိပ္ေခါင္းဟူသည္ မိမိနိင္ငံအေၾကာင္းကို သံတမန္သဖြယ္ ႏိုင္ငံတကာသို႔ သြားေရာက္ေျပာျပေနေသာ ႐ုပ္ပုံကေလးမ်ား ျဖစ္ေလရာ ပုဂံပုံရိပ္မ်ားကို ႏိုင္ငံတကာမွ ပိုမိုျမင္ေတြ႕ရလွ်င္ ႏိုင္ငံျခားဧည့္သည္မ်ားစြာ ပိုမိုလာေရာက္လည္ပတ္ၾကမည္ျဖစ္သည္။ ကေမာၻဒီးယားႏိုင္ငံထုတ္ တံဆိပ္ေခါင္းမ်ားတြင္ ကမာၻလွည့္ခရီးသြား ဧည့္သည္တို႔အႀကိဳက္ အန္းကားဝပ္ေက်ာင္းေတာ္ပုံ တံဆိပ္ေခါင္းမ်ားစြာေတြ႕ရွိရသည္။
၂၀၀၄ ခုႏွစ္က ထုတ္ေဝေသာ တံဆိပ္ေခါင္းမ်ားတြင္ ပုဂံရႈခင္းပုံမ်ားကို ႐ိုက္ႏွိပ္ထုတ္ေဝထားသည္။ ေစတီပုထိုးမ်ားျပားစြာရွိေနသည့္ ပုဂံၿမိဳ႕ရႈခင္းမ်ား ျဖစ္ၿပီး အလွ်ားလိုက္ရႈခင္းပုံ အသားေပးဒီဇိုင္းျဖစ္ရာ အမွတ္တရ သိမ္းထားခ်င္စဖြယ္၊ စုေဆာင္းခ်င္စဖြယ္ ျဖစ္သည္။ ဗုဒၶဘာသာကိုးကြယ္ေသာ ႏိုင္ငံမ်ားစုေပါင္း၍ က်င္းပေသာ ကမာၻ႔ဗုဒၶဘာသာညီလာခံ အထိမ္းအမွတ္ျဖင့္ ထုတ္ေဝျခင္း ျဖစ္သည္။ ညီလာခံကို ၂၀၀၄ ခုႏွစ္ ဒီဇင္ဘာလ ၉ ရက္ေန႔မွ ၁၁ ရက္ေန႔အထိ က်င္းပခဲ့သည္။ Security Printing Works (Myanmar) တြင္ Offset နည္းျဖင့္ ပုံႏွိပ္ခဲ့သည္။ ျမန္မာႏိုင္ငံမွ ထုတ္ေဝသည့္ ပုဂံအေၾကာင္းအရာပါ တံဆိပ္ေခါင္းမ်ားတြင္ အေစာဆုံး တံဆိပ္ေခါင္းမွာ ပုဂံ၌ ဉာဏ္ေတာ္အျမင့္မားဆုံးျဖစ္သည့္ သဗၺညဳေစတီေတာ္ႀကီး ျဖစ္သည္။ ဗုဒၶသာသနာ ႏွစ္ ၂၅၀၀ ျပည့္အထိမ္းအမွတ္ ဂုဏ္ျပဳထုတ္ေဝသည့္ တံဆိပ္ေခါင္း ေလးလုံးအစုံမွ တစ္လုံးသည္ သဗၺညဳေစတီေတာ္ႀကီး႐ုပ္ပုံျဖစ္သည္။ ျပား ၄၀ တန္ထုတ္ေဝထားၿပီး ၁၉၅၆ ခုႏွစ္ ေမလ ၂၄ ရက္ေန႔ (ျမန္မာသကၠရာဇ္ ၁၃၁၈ ခု၊ ကဆုန္လျပည့္ဗုဒၶေန႔) တြင္ ထုတ္ေဝခဲ့သည္။ ယင္းတံဆိပ္ေခါင္းမ်ားကို ေဟာ္လန္ႏိုင္ငံ၊ ဟာလင္ၿမိဳ႕ Joh Enchede In Zonen ကုမၸဏီတြင္ Photo Gravure နည္းျဖင့္ပုံႏွိပ္ခဲ့သည္။ ၂၀၁၂ ခုႏွစ္ကလည္း တံဆိပ္ေခါင္းထုတ္ေဝရာတြင္ ဓမၼရံႀကီးဘုရား႐ုပ္ပုံအသုံးျပဳ၍ ထုတ္ေဝခဲ့သည္။ ဓမၼရံႀကီး ဘုရား၏ ေရွ႕ဘက္ မ်က္ႏွာစာပုံႏွင့္ ေဘးဘက္တေစာင္းပုံတို႔ ျဖစ္ၿပီး ဒီဇိုင္းလွပေကာင္းမြန္သျဖင့္ တံဆိပ္ေခါင္းစုေဆာင္းသူ ဝါသနာရွင္မ်ား ဝမ္းသာအားရ ရွိခဲ့ၾကသည္။ Security Printing Works (Myanmar) တြင္ Offset နည္းျဖင့္ ပုံႏွိပ္ခဲ့ၿပီး ၂၀၁၂ ေအာက္တိုဘာ ၁ ရက္ေန႔တြင္ ထုတ္ေဝခဲ့သည္။
ျမန္မာႏိုင္ငံမွ ေနာက္ဆုံးထုတ္ေဝေသာ ပုဂံပုံရိပ္ တံဆိပ္ေခါင္းမွာ ၂၀၁၅ ခုႏွစ္လြတ္လပ္ေရးေန႔ ဂုဏ္ျပဳထုတ္ေဝေသာ တံဆိပ္ေခါင္းျဖစ္သည္။ ပုဂံရႈခင္း၊ ေ႐ႊတိဂုံရႈခင္း၊ ဦးပိန္တံတားႏွင့္ ေတာင္သမန္အင္းရႈခင္းတို႔ ပါဝင္ေသာ တံဆိပ္ေခါင္း ၃ မ်ိဳးကို ထုတ္ေဝခဲ့သည္။ ပုဂံရႈခင္း တံဆိပ္ေခါင္းတြင္ အာနႏၵာ ေစတီေတာ္ျမတ္ႀကီးႏွင့္ သဗၺညဳေစတီေတာ္ႀကီးကို အေဝးမွ လွမ္းျမင္ႏိုင္သည္။ Security Printing Works (Myanmar) တြင္ Offset နည္းျဖင့္ ပုံႏွိပ္ခဲ့ၿပီး ၂၀၁၅ ဇန္နဝါရီလ ၄ ရက္ေန႔တြင္ ထုတ္ေဝခဲ့သည္။ ၁၀၀ က်ပ္တန္ ပုဂံပုံရိပ္တံဆိပ္ေခါင္းကို အလုံးေရ ၁သိန္း႐ိုက္ႏွိပ္ခဲ့သည္။
ႏိုင္ငံတကာမွ မိတ္ေဆြမ်ားကို ျမန္မာဟုေျပာလိုက္လွ်င္ မိတ္ေဆြမ်ားမွ အေၾကာင္းအရာ ႏွစ္ခုကိုသူတို႔သိရွိေၾကာင္း ျပန္ေျပာေလ့ရွိၾကသည္။ တစ္ခုမွာ ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္၍ ေနာက္တစ္ခုမွာ ပုဂံပင္ျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေလးစားခ်စ္ခင္ၾကသလို ပုဂံကို ျမတ္ႏိုးၾကသည္။ မေရာက္ဖူးသူမ်ားက ေရာက္ဖူးခ်င္ၾကသည္။ ေရာက္ဖူးသုူမ်ားက သူတို႔၏ခရီးသြား အေတြ႕အႀကဳံမ်ားကို အားပါးတရ ေျပာျပေလ့ရွိၾကသည္။ ယေန႔အခ်ိန္ (ေအာက္တိုဘာ ၂၀၁၆) ထိ ေဒၚေအာင္ဆန္းၾကည္ကို ဂုဏ္ျပဳ၍ ထုတ္ေဝထားေသာ ႏိုင္ငံတကာတံဆိပ္ေခါင္း ၁၇ မ်ိဳးရွိၿပီး ၂ မ်ိဳးတြင္ ပုဂံႏွင့္ ေဒၚေအာင္ဆန္းစုၾကည္႐ုပ္ပုံကို တြဲလွ်က္ေဖၚျပထားသည္။ ဂီနီႏိုင္ငံ (Guinea) မွ ၂၀၁၂ တြင္ထုတ္ေဝေသာ အထိမ္းအမွတ္မွတ္တမ္းလႊာ (Souvenir Sheet) ႏွင့္ စတိုေမးႏွင့္ပရိစိေပးႏိုင္ငံ (Sao Tome and Principe) မွ ၂၀၁၃ ခုႏွစ္တြင္ထုတ္ေဝေသာ တံဆိပ္ေခါင္းတစ္မ်ိဳးတို႔ျဖစ္သည္။ ဂီနီႏိုင္ငံသည္ အာဖရိကအေနာက္ဖက္ ကမ္း႐ိုးတန္းရွိ ႏိုင္ငံတစ္ခုျဖစ္ၿပီး၊ စတိုေမးႏွင့္ပရိစိေပးႏိုင္ငံမွာ ဂီနီႏွင့္ မနီးမေဝးတြင္ တည္ရွိေသာ ကြၽန္းႏိုင္ငံငယ္ေလး ျဖစ္သည္။
အႏုလက္ရာတြင္ ထင္ရွားသည့္ အာနႏၵာေစတီႀကီးကို မြန္ဂိုလီးယားႏိုင္ငံမွ ထုတ္ေဝေသာ တံဆိပ္ေခါင္းတစ္မ်ိဳးတြင္ ထည့္သြင္းေဖာ္ျပခဲ့ဖူးသည္။ ျမန္မာႏိုင္ငံတြင္ အသုံးျပဳေသာ မီးရထားစက္ေခါင္းႏွင့္ တြဲ၍ေဖာ္ျပခဲ့ျခင္းျဖစ္သည္။ ၂၀၀၀ ခုႏွစ္ ႏိုဝင္ဘာလ ၂၅ ရက္ေန႔တြင္ ထုတ္ေဝေရာင္းခ်ခဲ့သည္။ ကမာၻေပၚရွိမီးရထားမ်ား ဟုအမည္ေပးထားသည့္ ထိုတံဆိပ္ေခါင္းအစုံတြင္ တံဆိပ္ေခါင္း ၉ လုံး ပါဝင္ၿပီး၊ အထိမ္းအမွတ္မွတ္တမ္းလႊာ အျဖစ္ထုတ္ေဝခဲ့သည္။ ထို႔ျပင္ အာနႏၵာေစတီေတာ္ႀကီး၏ ဝင္ေပါက္ေစာင္းတန္းမ်ားရွိ နတ္႐ုပ္ႀကီးမ်ား႐ုပ္ပုံကို အသုံးျပဳ၍ ထုတ္ေဝထားေသာ တံဆိပ္ေခါင္း တစ္မ်ိဳးကိုလည္း ထူးျခားစြာ ေလ့လာစုေဆာင္းခဲ့ရသည္။ “ဗမာတို႔၏ ေက်ာင္းေစာင့္နတ္” ဟုအမည္ေပးထားသည့္ ထိုတံဆိပ္ေခါင္းမွာ လီဆိုသိုႏိုင္ငံ (Lesotho) မွ ထုတ္ေဝေသာ “၁၂ ရာစု၏ ထူးျခားပုံရိပ္မ်ား” တံဆိပ္ေခါင္းအစုံမွ ျဖစ္သည္။ Lesotho သည္ ေတာင္အာဖရိကတြင္ တည္ရွိေသာ ကုန္းတြင္းပိတ္ ႏိုင္ငံငယ္ေလးတစ္ႏိုင္ငံျဖစ္ပါသည္။ တံဆိပ္ေခါင္းေပၚတြင္ နတ္႐ုပ္ႀကီးမ်ား စတင္ထုလုပ္ခ်ိန္ကို ၁၁၅၀ ဟုေရးသားထားသည္။ စာေရးသူအေနႏွင့္ ဝန္ခံရမည္ဆိုလွ်င္ ထိုအခ်က္အလက္မွန္ကန္ေၾကာင္း အေထာက္အထား ယခုတိုင္ရွာေဖြႏိုင္ျခင္း မရွိေသးပါ။ သမိုင္းသုေတသိမ်ား ဆုံးျဖတ္ၾကရန္ ျဖစ္ပါသည္။
ဤေနရာတြင္ တံဆိပ္ေခါင္းဗဟုသုတအေနျဖင့္ စာဖတ္သူအားအသိေပးလိုသည္မွာ အာဖရိကတိုက္ရွိ ႏိုင္ငံငယ္မ်ားသည္ တံဆိပ္ေခါင္းထုတ္ေဝေရာင္းခ်ျခင္းျဖင့္ ဝင္ေငြအေျမာက္အမ်ား ရွာေဖြေလ့ရွိၾကျခင္းျဖစသည္။ ထို႔ေၾကာင့္ ၎တို႔ထုတ္ေဝေသာ တံဆိပ္ေခါင္းမ်ားကို လူအမ်ားစိတ္ဝင္စားမႈရွိေစရန္ ထင္ရွားေက်ာ္ၾကားေသာ လူပုဂၢိဳလ္မ်ား၊ ထူးျခားေသာ အေၾကာင္းအရာမ်ားျဖင့္ ထုတ္ေဝေလ့ရွိၾကသည္။ အေရာင္အေသြးစုံလင္လွပၿပီး စုေဆာင္းခ်င့္စဖြယ္ျဖစ္ေအာင္ ႐ိုက္ႏွိပ္ထုတ္ေဝၾကသည္။ တံဆိပ္ေခါင္းစုေဆာင္းရာတြင္ အေၾကာင္းအရာကို အေျချပဳ၍ စုေဆာင္းၾကသူ (Thematic Collectors) အမ်ားအျပားရွိရာ ထိုသူတို႔ စိတ္ဝင္စားေအာင္ ဆြဲေဆာင္ၾကသည္။ ဥပမာဆိုရလွ်င္ ပုဂံပုံရိပ္ တံဆိပ္ေခါင္းမ်ားကို ေရွးေဟာင္းၿမိဳ႕ေတာ္အေၾကာင္းအရာ စုေဆာင္းသူမ်ား၊ ဗုဒၶဘာသာဆိုင္ရာတံဆိပ္ေခါင္းစုေဆာင္းၾကသူမ်ား၊ ျမန္မာအေၾကာင္းအရာတံဆိပ္ေခါင္း စုေဆာင္းသူမ်ားစသည္ျဖင့္ ဝယ္ယူစုေဆာင္းၾကမည္ ျဖစ္သည္။ ထို႔ေၾကာင့္ ပုဂံပုံရိပ္တံဆိပ္ေခါင္းမ်ား ထုတ္ေဝျခင္းသည္ တိုင္းျပည္အတြက္ ဝင္ေငြရွာေဖြေပးႏိုင္သလို၊ ႏိုင္ငံျခားဧည့္သည္မ်ားလည္း ပိုမိုမ်ားျပားလာႏိုင္သည္။ ျမန္မာတို႔၏ အေမြအႏွစ္ျဖစ္ေသာ ပုဂံကို ကမာၻက ပိုမိုသိရွိႏိုင္မည့္ နည္းလမ္းပင္ျဖစ္ေပေတာ့သည္။
<Unicode Version>
မြန်မာတို့သည် ပုဂံကိုချစ်ကြသည်။ မြတ်နိုးကြသည်။ ပုဂံသည် မြန်မာတို့အတွက် ရှေးမြန်မာကြီးများ ချန်ရစ်ထားခဲ့သော အဖိုးတန် အမွေအနှစ် တစ်ခုလည်းဖြစ်သည်။ မြန်မာအတွက်သာ မဟုတ်၊ ကမ္ဘာ့အတွက်ပါ တန်ဖိုးရှိလှသော ရှေးဟောင်းယဉ်ကျေးမှု ရတနာသိုက်ကြီး ဖြစ်သည်။ ပုဂံတွင် လေ့လာစရာ၊ ကြည့်ရှုစရာ၊ မှတ်တမ်းတင်စရာ မကုန်နိုင်အောင် ပေါများလှသည်။ မကြာသေးမှီက လှုပ်ခတ်ခဲ့သော ငလျှင်ကြောင့် ပုဂံဒေသရှိ စေတီပုထိုးများ ပြိုကြပျက်စီးခဲ့သည်ကို တွေ့ရသော မြန်မာလူမျိုးအပေါင်းတို့၏ စိတ်နှလုံးထိခိုက်ခဲ့ရသည်။ ပျက်စီးခဲ့သော စေတီပုထိုးများကို ရှေးမူမပျက် ကမ္ဘာ့စံချိန်စံနှုန်းများနှင့် အညီပြုပြင်ထိန်းသိမ်းနိုင်စေရန် နှိုးဆော်လျှက် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပေသည်။ ဤဆောင်းပါးရေးသားဖြစ်အောင် စာရေးသူအား တိုက်တွန်းပြီး အချက်အလက်အချို့ ပံ့ပိုးပေးသော ညောင်ဦးမြို့မှ ဦးလွှမ်းမှီအားလည်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်။
၁၉၃၇ မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တံဆိပ်ခေါင်းအမျိုးပေါင်း ၆၄၇ မျိုးထုတ်ဝေခဲ့ရာ ပုဂံအကြောင်းအရာပါ တံဆိပ်ခေါင်း ၆ လုံးသာရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ထုတ်ဝေသော တံဆိပ်ခေါင်းများအားလုံး၏ ဝ.၉၂% သာ ပုဂံအကြောင်းအရာပါ တံဆိပ်ခေါင်းဖြစ်သည်။ ပုဂံရှုခင်းများကို တံဆိပ်ခေါင်းကလေးများပေါ်တွင် တွေ့မြင်ရသည်မှာ ကြည်နူးဖွယ်ကောင်းလှှပေသည်။ တံဆိပ်ခေါင်း ထုတ်ဝေစရာ အကြောင်းအရာများစွာလည်း ပုဂံတွင်ရှိနေသေးသည်။ နံရံဆေးရေးပန်းချီများ၊ ပုဂံခေတ်စဉ့်ကွင်းများ၊ ထင်ရှားသော စေတီပုထိုးများ၊ ပုဂံခေတ်အက ကနေဟန်၊ ကျောက်စာ စသည်ဖြင့် ထုတ်ဝေနိုင်ပေသည်။ တံဆိပ်ခေါင်းဟူသည် မိမိနိင်ငံအကြောင်းကို သံတမန်သဖွယ် နိုင်ငံတကာသို့ သွားရောက်ပြောပြနေသော ရုပ်ပုံကလေးများ ဖြစ်လေရာ ပုဂံပုံရိပ်များကို နိုင်ငံတကာမှ ပိုမိုမြင်တွေ့ရလျှင် နိုင်ငံခြားဧည့်သည်များစွာ ပိုမိုလာရောက်လည်ပတ်ကြမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံထုတ် တံဆိပ်ခေါင်းများတွင် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တို့အကြိုက် အန်းကားဝပ်ကျောင်းတော်ပုံ တံဆိပ်ခေါင်းများစွာတွေ့ရှိရသည်။
၂၀၀၄ ခုနှစ်က ထုတ်ဝေသော တံဆိပ်ခေါင်းများတွင် ပုဂံရှုခင်းပုံများကို ရိုက်နှိပ်ထုတ်ဝေထားသည်။ စေတီပုထိုးများပြားစွာရှိနေသည့် ပုဂံမြို့ရှုခင်းများ ဖြစ်ပြီး အလျှားလိုက်ရှုခင်းပုံ အသားပေးဒီဇိုင်းဖြစ်ရာ အမှတ်တရ သိမ်းထားချင်စဖွယ်၊ စုဆောင်းချင်စဖွယ် ဖြစ်သည်။ ဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံများစုပေါင်း၍ ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ အထိမ်းအမှတ်ဖြင့် ထုတ်ဝေခြင်း ဖြစ်သည်။ ညီလာခံကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ Security Printing Works (Myanmar) တွင် Offset နည်းဖြင့် ပုံနှိပ်ခဲ့သည်။ မြန်မာနိုင်ငံမှ ထုတ်ဝေသည့် ပုဂံအကြောင်းအရာပါ တံဆိပ်ခေါင်းများတွင် အစောဆုံး တံဆိပ်ခေါင်းမှာ ပုဂံ၌ ဉာဏ်တော်အမြင့်မားဆုံးဖြစ်သည့် သဗ္ဗညုစေတီတော်ကြီး ဖြစ်သည်။ ဗုဒ္ဓသာသနာ နှစ် ၂၅၀၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုထုတ်ဝေသည့် တံဆိပ်ခေါင်း လေးလုံးအစုံမှ တစ်လုံးသည် သဗ္ဗညုစေတီတော်ကြီးရုပ်ပုံဖြစ်သည်။ ပြား ၄၀ တန်ထုတ်ဝေထားပြီး ၁၉၅၆ ခုနှစ် မေလ ၂၄ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၁၈ ခု၊ ကဆုန်လပြည့်ဗုဒ္ဓနေ့) တွင် ထုတ်ဝေခဲ့သည်။ ယင်းတံဆိပ်ခေါင်းများကို ဟော်လန်နိုင်ငံ၊ ဟာလင်မြို့ Joh Enchede In Zonen ကုမ္ပဏီတွင် Photo Gravure နည်းဖြင့်ပုံနှိပ်ခဲ့သည်။ ၂၀၁၂ ခုနှစ်ကလည်း တံဆိပ်ခေါင်းထုတ်ဝေရာတွင် ဓမ္မရံကြီးဘုရားရုပ်ပုံအသုံးပြု၍ ထုတ်ဝေခဲ့သည်။ ဓမ္မရံကြီး ဘုရား၏ ရှေ့ဘက် မျက်နှာစာပုံနှင့် ဘေးဘက်တစောင်းပုံတို့ ဖြစ်ပြီး ဒီဇိုင်းလှပကောင်းမွန်သဖြင့် တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ ဝမ်းသာအားရ ရှိခဲ့ကြသည်။ Security Printing Works (Myanmar) တွင် Offset နည်းဖြင့် ပုံနှိပ်ခဲ့ပြီး ၂၀၁၂ အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။
မြန်မာနိုင်ငံမှ နောက်ဆုံးထုတ်ဝေသော ပုဂံပုံရိပ် တံဆိပ်ခေါင်းမှာ ၂၀၁၅ ခုနှစ်လွတ်လပ်ရေးနေ့ ဂုဏ်ပြုထုတ်ဝေသော တံဆိပ်ခေါင်းဖြစ်သည်။ ပုဂံရှုခင်း၊ ရွှေတိဂုံရှုခင်း၊ ဦးပိန်တံတားနှင့် တောင်သမန်အင်းရှုခင်းတို့ ပါဝင်သော တံဆိပ်ခေါင်း ၃ မျိုးကို ထုတ်ဝေခဲ့သည်။ ပုဂံရှုခင်း တံဆိပ်ခေါင်းတွင် အာနန္ဒာ စေတီတော်မြတ်ကြီးနှင့် သဗ္ဗညုစေတီတော်ကြီးကို အဝေးမှ လှမ်းမြင်နိုင်သည်။ Security Printing Works (Myanmar) တွင် Offset နည်းဖြင့် ပုံနှိပ်ခဲ့ပြီး ၂၀၁၅ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ ၁၀၀ ကျပ်တန် ပုဂံပုံရိပ်တံဆိပ်ခေါင်းကို အလုံးရေ ၁သိန်းရိုက်နှိပ်ခဲ့သည်။
နိုင်ငံတကာမှ မိတ်ဆွေများကို မြန်မာဟုပြောလိုက်လျှင် မိတ်ဆွေများမှ အကြောင်းအရာ နှစ်ခုကိုသူတို့သိရှိကြောင်း ပြန်ပြောလေ့ရှိကြသည်။ တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်၍ နောက်တစ်ခုမှာ ပုဂံပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြသလို ပုဂံကို မြတ်နိုးကြသည်။ မရောက်ဖူးသူများက ရောက်ဖူးချင်ကြသည်။ ရောက်ဖူးသုူများက သူတို့၏ခရီးသွား အတွေ့အကြုံများကို အားပါးတရ ပြောပြလေ့ရှိကြသည်။ ယနေ့အချိန် (အောက်တိုဘာ ၂၀၁၆) ထိ ဒေါ်အောင်ဆန်းကြည်ကို ဂုဏ်ပြု၍ ထုတ်ဝေထားသော နိုင်ငံတကာတံဆိပ်ခေါင်း ၁၇ မျိုးရှိပြီး ၂ မျိုးတွင် ပုဂံနှင့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို တွဲလျှက်ဖေါ်ပြထားသည်။ ဂီနီနိုင်ငံ (Guinea) မှ ၂၀၁၂ တွင်ထုတ်ဝေသော အထိမ်းအမှတ်မှတ်တမ်းလွှာ (Souvenir Sheet) နှင့် စတိုမေးနှင့်ပရိစိပေးနိုင်ငံ (Sao Tome and Principe) မှ ၂၀၁၃ ခုနှစ်တွင်ထုတ်ဝေသော တံဆိပ်ခေါင်းတစ်မျိုးတို့ဖြစ်သည်။ ဂီနီနိုင်ငံသည် အာဖရိကအနောက်ဖက် ကမ်းရိုးတန်းရှိ နိုင်ငံတစ်ခုဖြစ်ပြီး၊ စတိုမေးနှင့်ပရိစိပေးနိုင်ငံမှာ ဂီနီနှင့် မနီးမဝေးတွင် တည်ရှိသော ကျွန်းနိုင်ငံငယ်လေး ဖြစ်သည်။
အနုလက်ရာတွင် ထင်ရှားသည့် အာနန္ဒာစေတီကြီးကို မွန်ဂိုလီးယားနိုင်ငံမှ ထုတ်ဝေသော တံဆိပ်ခေါင်းတစ်မျိုးတွင် ထည့်သွင်းဖော်ပြခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် အသုံးပြုသော မီးရထားစက်ခေါင်းနှင့် တွဲ၍ဖော်ပြခဲ့ခြင်းဖြစ်သည်။ ၂၀၀၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ဝေရောင်းချခဲ့သည်။ ကမ္ဘာပေါ်ရှိမီးရထားများ ဟုအမည်ပေးထားသည့် ထိုတံဆိပ်ခေါင်းအစုံတွင် တံဆိပ်ခေါင်း ၉ လုံး ပါဝင်ပြီး၊ အထိမ်းအမှတ်မှတ်တမ်းလွှာ အဖြစ်ထုတ်ဝေခဲ့သည်။ ထို့ပြင် အာနန္ဒာစေတီတော်ကြီး၏ ဝင်ပေါက်စောင်းတန်းများရှိ နတ်ရုပ်ကြီးများရုပ်ပုံကို အသုံးပြု၍ ထုတ်ဝေထားသော တံဆိပ်ခေါင်း တစ်မျိုးကိုလည်း ထူးခြားစွာ လေ့လာစုဆောင်းခဲ့ရသည်။ “ဗမာတို့၏ ကျောင်းစောင့်နတ်” ဟုအမည်ပေးထားသည့် ထိုတံဆိပ်ခေါင်းမှာ လီဆိုသိုနိုင်ငံ (Lesotho) မှ ထုတ်ဝေသော “၁၂ ရာစု၏ ထူးခြားပုံရိပ်များ” တံဆိပ်ခေါင်းအစုံမှ ဖြစ်သည်။ Lesotho သည် တောင်အာဖရိကတွင် တည်ရှိသော ကုန်းတွင်းပိတ် နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်ပါသည်။ တံဆိပ်ခေါင်းပေါ်တွင် နတ်ရုပ်ကြီးများ စတင်ထုလုပ်ချိန်ကို ၁၁၅၀ ဟုရေးသားထားသည်။ စာရေးသူအနေနှင့် ဝန်ခံရမည်ဆိုလျှင် ထိုအချက်အလက်မှန်ကန်ကြောင်း အထောက်အထား ယခုတိုင်ရှာဖွေနိုင်ခြင်း မရှိသေးပါ။ သမိုင်းသုတေသိများ ဆုံးဖြတ်ကြရန် ဖြစ်ပါသည်။
ဤနေရာတွင် တံဆိပ်ခေါင်းဗဟုသုတအနေဖြင့် စာဖတ်သူအားအသိပေးလိုသည်မှာ အာဖရိကတိုက်ရှိ နိုင်ငံငယ်များသည် တံဆိပ်ခေါင်းထုတ်ဝေရောင်းချခြင်းဖြင့် ဝင်ငွေအမြောက်အများ ရှာဖွေလေ့ရှိကြခြင်းဖြစသည်။ ထို့ကြောင့် ၎င်းတို့ထုတ်ဝေသော တံဆိပ်ခေါင်းများကို လူအများစိတ်ဝင်စားမှုရှိစေရန် ထင်ရှားကျော်ကြားသော လူပုဂ္ဂိုလ်များ၊ ထူးခြားသော အကြောင်းအရာများဖြင့် ထုတ်ဝေလေ့ရှိကြသည်။ အရောင်အသွေးစုံလင်လှပပြီး စုဆောင်းချင့်စဖွယ်ဖြစ်အောင် ရိုက်နှိပ်ထုတ်ဝေကြသည်။ တံဆိပ်ခေါင်းစုဆောင်းရာတွင် အကြောင်းအရာကို အခြေပြု၍ စုဆောင်းကြသူ (Thematic Collectors) အများအပြားရှိရာ ထိုသူတို့ စိတ်ဝင်စားအောင် ဆွဲဆောင်ကြသည်။ ဥပမာဆိုရလျှင် ပုဂံပုံရိပ် တံဆိပ်ခေါင်းများကို ရှေးဟောင်းမြို့တော်အကြောင်းအရာ စုဆောင်းသူများ၊ ဗုဒ္ဓဘာသာဆိုင်ရာတံဆိပ်ခေါင်းစုဆောင်းကြသူများ၊ မြန်မာအကြောင်းအရာတံဆိပ်ခေါင်း စုဆောင်းသူများစသည်ဖြင့် ဝယ်ယူစုဆောင်းကြမည် ဖြစ်သည်။ ထို့ကြောင့် ပုဂံပုံရိပ်တံဆိပ်ခေါင်းများ ထုတ်ဝေခြင်းသည် တိုင်းပြည်အတွက် ဝင်ငွေရှာဖွေပေးနိုင်သလို၊ နိုင်ငံခြားဧည့်သည်များလည်း ပိုမိုများပြားလာနိုင်သည်။ မြန်မာတို့၏ အမွေအနှစ်ဖြစ်သော ပုဂံကို ကမ္ဘာက ပိုမိုသိရှိနိုင်မည့် နည်းလမ်းပင်ဖြစ်ပေတော့သည်။