Friday 6 July 2018

အပြည်ပြည်ဆိုင်ရာ တံဆိပ်ခေါင်းပြပွဲများအကြောင်း


အပြည်ပြည်ဆိုင်ရာတံဆိပ်ခေါင်းပြပွဲများကို အဆင့်အမျိုးမျိုးခွဲနိုင်ပါသည်။  National, FIAP နှင့် FIP တို့ဖြစ်ပါသည်။  National level ပြပွဲများကို National Federation ကဦးဆောင်ကျင်းပပေးပါသည်။  အမှတ်ပေးပုံမှာ FIP စံနစ်အတိုင်းအမှတ်ပေးပါသည်။  National level exhibition များသည် စုဆောင်းသူတို့အဖို့ ၄င်းတို့၏ exhibit ကိုနိုင်ငံတကာ FIP/FIAP ပွဲများဆီသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးလဲ ဖြစ်ပါသည်။  National Level အဆင့်တွင် အမှတ် အနဲဆုံး ၇၅ မှတ် (သို့မဟုတ်) Vermeil အဆင့်ရရှိမှသာ နိုင်ငံတကာအဆင့်သို့ qualify ဖြစ်မည်ဖြစ်ပါသည်။  စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းတို့အတူကျင်းပသော လေးနိုင်ငံတံဆိပ်ခေါင်းပြပွဲမှာ National Level ဖြစ်ပါသည်။
FIP နှင့် FIAP ပွဲများသည် နိုင်ငံတကာအဆင့် ပြပွဲများဖြစ်ပါသည်။  ပြပွဲများတွင် exhibit class များရှိပါသည်။  FIP မှ ကျင်းပပြီး ပြိုင်ပွဲဝင် class များအားလုံး ပါဝင်ပါက General World Exhibition ဟုခေါ်ပြီး။ class အချို့ရွေးချယ်ကာ ကျင်းပပါက Specialized World Exhibition ဟုခေါ်ပါသည်။  FIP မှ အသိအမှတ်ပြုသော အခြားပွဲများကို International Exhibition ဟုခေါ်ပါသည်။  အောက်ဖေါ်ပြပါ class များသည် FIP ပြပွဲများတွင် ပါဝင်နိုင်သော class များဖြစ်ပါသည်။


ဖိတ်ခေါ်ကာပြသစေသော exhibit များ
•    အလွန်ထူးခြားသော တံဆိပ်ခေါင်းပစ္စည်းအချို့ကို ဖိတ်ခေါ်ကာ Court of Honour အနေနှင့်ပြသစေပါသည်။   ၂၀၁၆ ခုနှစ်က အမေရိကန်တွင် ပြုလုပ်သော New York 2016 ပြပွဲတွင် Court of Honour အဖြစ် အင်္ဂလန်ဘုရင်မကြီး၏ collection မှ Black Penny sheet ကြီးကိုပြသခဲ့သည်။  ကမ္ဘာပေါ်တွင် အလုံးရေအများဆုံး black penny sheet ကြီးဖြစ်သည်။
•    Official Class များအဖြစ် စာတိုက်များ၊ စာပိုု့သမိုင်းပြတိုက်များ၊ တံဆိပ်ခေါင်းရိုက်နှိပ်သော ပုံနှိပ်စက်ရုံများ၊ ဒီဇိုင်နာများ၊ Engraver များ စသည်ဖြင့် ဖိတ်ခေါ်ပြသစေပါသည်။
•    Jury များမှပြသသော Jury Class


ပြိုင်ပွဲဝင် class များ
•    FIP Championship Class (General World Exhibition များတွင်သာ ပြုလုပ်လေ့ရှိသည်)
•    Traditional Philately (တံဆိပ်ခေါင်းကို အဓိကလေ့လာသည်။ တံဆိပ်ခေါင်း ဒီဇိုင်း၊ ထုတ်လုပ်မှု၊ အသုံးပြုမှုကို အဓိကပြသသည်။)
•    Postal History (စာပို့သမိုင်းကို အဓိကလေ့လာသည်။ စာတိုက်အမှတ်အသားများ၊ စာပို့ခနှှုန်းထားများ၊ ချောလမ်းကြောင်းများ စသည်တို့ကို အဓိကပြသသည်။)
•    Postal Stationery (စာတိုက်မှထုတ်ဝေသော လေယျာဉ်စာ၊ ခေါင်းရိုက်ပြီးစာအိတ် စသည်တို့ကို အဓိကပြသသည်။)
•    Aerophilately (လေကြောင်းစာပို့သမိုင်း ကိုအဓိကလေ့လာပြသသည်။)
•    Thematic Philately (အကြောင်းအရာတစ်ခုကို ဦးတည်စုဆောင်းလေ့လာပြသသည်။ တံဆိပ်ခေါင်းများ၊ သရုပ်ဖော်ပုံပါ စာတိုက်အမှတ်အသားများ၊ စာအိတ်များပို အဓိကပြသသည်။)
•    Maximaphily (မက်ဆီမန်ကတ်များကို အဓိကလေ့လာပြသသည်။ )
•    Philatelic Literature (တံဆိပ်ခေါင်းဆိုင်ရာစာပေဖြစ်သည်။ စာအုပ်များပြိုင်ပွဲဝင်ပြသသည်။)
•    Youth Philately (လူငယ်များအတွက်ဖြစ်သည်။ ၁ဝနှစ်မှ ၁၅နှစ်အထိ class A၊ ၁၆နှစ်မှ ၁၈ နှစ်အထိ class B, ၁၉နှစ်မှ ၂၁ နှစ်အထိ class C ဟုခွဲခြားထားသည်။)
•    Revenue (အခွန်တံဆိပ်ခေါင်းများ လေ့လာပြသသည်။)
•    Astrophilately (အာကာသနှင့်ဆိုင်သောစာပို့ပစ္စည်းများလေ့လာပြသသည်။ ဒုံပျံနှင့်သယ်သောစာ၊ အာကာသအတွင်းပို့လွှတ်ဘူးသောစာ စသည်ဖြင့်ပါဝင်တက်သည်။)
•    Open Philately (တံဆိပ်ခေါင်းလေ့လာမှုကို အထောက်အကူပြုစေမည့် စာရွက်စာတမ်းစသည်တို့်ကို ပြသနိုင်သည်။ ပြသသော ပစ္စည်းများ၏ ၅၀% မှာ တံဆိပ်ခေါင်းနှင့်သက်ဆိုင်သောပစ္စည်းများဖြစ်ရမည်။)
•    Modern Philately (လွန်ခဲ့သော နှစ် ၂ဝအတွင်း တံဆိပ်ခေါင်းပစ္စည်းများကိုပြနိုင်သည်။)

အမှတ်ပေးစံနစ်


အမှတ်ကို FIP မှ အသိအမှတ်ပြုထားသော ဂျူရီလူကြီးများမှ အမှတ်သတ်မှတ်ပေးပါသည်။ Class တစ်ခုချင်းဆီအလိုက် အမှတ်ပေးပုံ အသေးစိတ် ကွဲပြားပါသည်။  အကြမ်းဖျဉ်းပြောရလျှင်
Treatment : 20 points (မိမိရွေးချယ်ထားသောခေါင်းစဉ်အပေါ် ပြည့်စုံစွာပြသနိုင်မှု၊ မှန်ကန်စွာပြသနိုင်မှု၊ ခေါင်းစဉ်နှင့် ရွေးချယ်ပြသထားသော တံဆိပ်ခေါင်းပစ္စည်းများ လိုက်လျောညီထွေရှိမှု) နှင့် Philatelic Important : 10 points (exhibit ၏ စာပို့သမိုင်းဆိုင်ရာ အရေးပါမ၊ ခက်ခဲမှုှု)- ၃၀ မှတ်
Philatelic Knowledge and Personal Research (တံဆိပ်ခေါင်းဗဟုသုတ၊ ကိုယ်ပိုင်သုတေသန နှင့် တွေ့ရှိချက်အသစ်များ) -  ၃၅ မှတ်
Condition : 10 points (တံဆိပ်ခေါင်းပစ္စည်း အခြေအနေ) နှင့် Rarity : 20 points (ရှားပါးမှု) - ၃၀ မှတ်
Presentation (exhibit အားတင်ဆက်ပြသပုံ သပ်ရပ်ရှင်းလင်းမှု) - ၅ မှတ်
တံဆိပ်ခေါင်းပစ္စည်း အခြေအနေ ဟုဆိုရာတွင် လေယျာဉ်ပျက်မှရသောစာ၊ သင်္ဘောမှောက်ရာမှပြန်ရသောစာ စသည့် ပျက်စီးနေသော ရှားပါး ပစ္စည်းများ၊ အလွန်ရှားပါးပြီး နှစ်အလွန်ကြာညောင်းသောကြောင့် စာအိတ်တစ်လုံးလုံး အကောင်းအတိုင်းမဟုတ်သော ပစ္စည်းများမှအပ ပြသသောပစ္စည်းများအားလုံးသည် မစုတ်၊ မပြဲ အကောင်းပကတိရှိနေသင့်သည်။

ဆုပေးပုံ 


FIP ချန်ပီယံ class
ပြပွဲတွင် ၉၆မှတ်နှင့်အထက် (Large Gold) ရရှိသော exhibit များအနက်မှ ပြန်ရွေးချယ်ပါသည်။ ဒိုင်လူကြီးများ၏ လျှို့ဝှက်မဲပေးစံနစ်ဖြင့်ရွေးချယ်ပါသည်။ အမှတ်တူနေပါက Jury President ၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
•    Grand Prix National  (ကျင်းပသောနိုင်ငံနှင့်ပါတ်သက်သည့် exhibit များအနက်မှ အကောင်းဆုံးဆု) [ဥပမာ၊ အိန္ဒိယနိုင်ငံတွင် ကျင်းပသောပွဲဆိုလျှင် အိန္ဒိယနိုင်ငံထုတ် တံဆိပ်ခေါင်းပစ္စည်းများ၊ India used in other territory များပြသသော exhibit များမှ ရွေးချယ်ပါသည်။ ဟောင်ကောင်စာပို့သမိုင်း၊ အမေရိကန် စာပို့သမိုင်း စသည်တို့ကို Grand Prix International အနေနှင့် သတ်မှတ်ပါသည်။]
•    Grand Prix International (အခြား exhibit များမှရွေးချယ်ပေးအပ်သော အကောင်းဆုံး exhibit ဆု)
Special Prize
၈၆ မှတ်နှင့်အထက် (Large Vermeil) ရသော exhibit များအနက်မှမှ special prize ကိုထပ်မံရွေးချယ်ပေးလေ့ရှိသည်။  ဆုများမှာ ပါဝင်သော နိုင်ငံများမှ sponser လုပ်သော အမှတ်တရပစ္စည်းများကို special prize အနေနှင့်ပေးအပ်လေ့ရှိပါသည်။


ပြိုင်ပွဲဝင် class အတွက် (3 to 8 frames)

•    ၆၀ မှတ် မှ ၆၄ မှတ်ကြား - Bronze (ကြေးတံဆိပ်ဆု)
•    ၆၅ မှတ် မှ ၆၉ မှတ်ကြား - Silver Bronze (ငွေကြေးရောဆု)
•    ၇၀ မှတ် မှ ၇၄ မှတ်ကြား - Silver (ငွေတံဆိပ်ဆု)
•    ၇၅ မှတ် မှ ၇၉ မှတ်ကြား - Large Silver (ငွေတဆိပ်ဆုအကြီး)
•    ၈၀ မှတ် မှ ၈၄ မှတ်ကြား - Vermeil (ရွှေငွေရောဆု)
•    ၈၅ မှတ် မှ ၈၉ မှတ်ကြား - Large Vermeil (ရွှေငွေရောဆု အကြီး)
•    ၉၀ မှတ် မှ ၉၄ မှတ်ကြား - Gold (ရွှေတံဆိပ်ဆု)
•    ၉၅ မှတ် မှ ၁၀၀ မှတ်ကြား - Large Gold (ရွှေတံဆိပ်ဆု အကြီး)
ဆုတံဆိပ်များအပြင် Certificate ပေးပါသည်။
ပြိုင်ပွဲဝင် class (1 frame)
ရရှိသော အမှတ် ၆၀ ကျော်ပါက Certificate ပေးပါသည်။


Jury များ၏လုပ်ငန်းတာဝန်များ

Jury နှင့် Judge မှာ အတူတူပင်ဖြစ်ပါသည်။ Jury များက ပြိုင်ပွဲဝင် exhibit များကို judge လုပ်ကြပါသည်။  FIP အသိအမှတ်ပြု ပြိုင်ပွဲများတွင် FIP အသိအမှတ်ပြု Jury များ 25% နှင့် National Federation မှ Jury ၂၅% ကို ခန့်အပ် အကဲဖြတ်စေရပါသည်။  ကျန် Jury များကို Exhibition Management မှ ရွေးချယ်ခန့်အပ်ရပါသည်။  FIP ပြပွဲများတွင် Jury အဖွဲ့ ၌ Jury များအပြင်၊ အသင် Jury များ၊ expert group များ ပါဝင်ရပါသည်။ အသင် Jury များနှင့် Expert group များမှာ မဲပေးခွင့် မရကြပါ။ အသင် Jury များမှာ FIP အဆင့် အမှတ်ပေးပုံကို လေ့လာသင်ယူကြရပြီး၊ expert group မှာ တံဆိပ်ခေါင်းပစ္စည်းများ အတုအစစ် အငြင်းပွားဖွယ်ရာရှိပါက ဆုံးဖြတ်ပေးရပါသည်။   Expert Group သည် Jury များတောင်းဆိုလာပါက ပြသထားသော တံဆိပ်ခေါင်းပစ္စည်းများကို စစ်ဆေးပေးရန် တာဝန်ရှိသည်။ အတုများစွာပြသထားပြီး အတုဟုဖေါ်ပြမထားပါက အဆိုပါ exhibit ကို ပြပွဲမှ ထုတ်ပယ်နိုင်သည်။  အတုများတွေ့ရှိပါက “ပြန်စစ်ဆေးပါ”၊ “နောက်တစ်ကြိမ်ပြသရန်မသင့်” စသည်ဖြင့် မှတ်ချက်များပေးလေ့ရှိသည်။
Jury များအနက်မှ Jury President တစ်ဦး၊ vice-president သုံးဦး၊ secretary တစ်ဦး ရွေးချယ်ရပါသည်။ ၄င်းတို့ပါသော အစုအဖွဲ့ကို Jury Presidium ဟုခေါ်ပါသည်။  တဖန် Jury များကို မိမိကျွမ်းကျင်ရာ ဘာသာရပ်အလိုက် အဖွဲ့ငယ်များ ဖွဲ့စည်းရပြန်ပါသည်။  အဖွဲ့ငယ်တစ်ခုခြင်းဆီသည် ၈၉ မှတ်အထိ (Large Vermeil) လွတ်လပ်စွာ အမှတ်ပေးနိုင်ပါသည်။  ၉၀ မှတ်အထက် exhibit များကို Jury အများ မဲပေးစံနစ်ဖြင့် အမှတ်ပေးကြပါသည်။   Jury များတွင် တာဝန်များနှင့် အတူ လုပ်ပိုင်ခွင့်၊ ခံစားခွင့်များလည်းရှိကြပါသည်။  အခမဲ့တည်းခိုခွင့်၊ ပြပွဲလက်မှတ် ၂ စောင်၊ ဆုပေးညစာစားပွဲ လက်မှတ် ၂ စောင်၊ ခရီးသွားစရိတ်၊ အသုံးစရိတ်အချို့၊ အကဲဖြတ်ခြင်းဆောင်ရွက်သောနေ့များအတွက်နေ့လည်စာ စသည်ဖြင့် ရရှိကြပါသည်။ 
Jury များသည် အမှတ်ပေးမှုများကို လျှို့ဝှက်စွာ လုပ်ဆောင်ကြရပါသည်။ လိုအပ်ပါက Jury များသာဝင်ရောက်နိုင်သော Jury Room များတွင် ဆွေးနွေးကြရပါသည်။  အမှတ်ပေးမှုရလဒ်များကို အများပြည်သူသို့ မကြေငြာမချင်း လျှို့ဝှက်ထားရပါသည်။  ထိုတားမြစ်ချက်ကို မလိုက်နာပါက Jury အဖြစ်မှ ထုတ်ပယ်ပြီး နောင် FIP ပွဲများတွင် Jury အဖြစ်မှတားမြစ်ခံရသည်အထိ အရေးယူနိုင်ပါသည်။


အပြည်ပြည်ဆိုင်ရာ တံဆိပ်ခေါင်းပြပွဲ ကျင်းပနိုင်ရန် 

•    ကျင်းပလိုသော နိုင်ငံသည် FIP member ဖြစ်ရမည်။
•    မိမိနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ တံဆိပ်ခေါင်းပြပွဲကျင်းပလိုသည့်အခါ (FIP ၏ patronage ကိုခံယူလိုသည့်အခါ) FIP အတွင်းရေးမှူးထံသို့ စာရေး လျှောက်လွှာတင်ရသည်။
•    ပွဲကျင်းပရေး ကော်မတီသည် ထိုပွဲအတွက် FIP မှတစ်ပါး အခြားအဖွဲ့အစည်းများသို့ ပွဲကျင်းပခွင့် လျှောက်လွှာတင်သွင်းခြင်း မပြုရ (patronage ခံယူခြင်းမပြုရ)။
•    နောင်တစ်ကြိမ်ကျင်းပသည့် FIP congress တွင် ဆွေးနွေးကြပြီး ငြင်းဆနကန့်ကွက််ရန်မရှိပါက အတည်ဖြစ်သည်။
•    ပွဲကျင်းပရေးကော်မတီသည် FIP ၏ စည်းမျဉ်းစည်းကမ်းများ၊ စံသတ်မှတ်မှုများ (GREX) ကို လိုက်နာရမည်။  GREX မှစည်းကမ်းအချို့ကို အထက်တွင် ဖော်ပြခဲ့ပါသည်။

No comments:

Post a Comment