Showing posts with label ငွက္ခါး. Show all posts
Showing posts with label ငွက္ခါး. Show all posts

Tuesday, 27 December 2016

ဝါသနာဘာဂီ ဆက်တိုင်းမှီ

This article was published in The Voice Daily Newspaper, Vol. 4, No. 222, on 26 December 2016.

<Zawgyi Version>


ဝါသနာဆိုေသာ စကားရပ္သည္ မူလျမန္မာစကားမဟုတ္ေခ်။ ပါဠိစကားလံုး ျဖစ္ေျခရာ ဝါသနာအေၾကာင္းကို ေျပာဆိုရာ၌ ပါဠိကဖြင့္ေသာ ဝါသနာအေၾကာင္းကို အရင္ေျပာဆိုရေပမည္။  ဦးဟုတ္စိန္ ပါဠိ-ျမန္မာ အဘိဓာန္၌ ဝါသနာ ထံုျခင္း၊ အထံု ဟုျပဆိုသည္။ အရင္က ရွိခဲ႔ဘူးေသာ အာရံုတို႔သည္ စိတ္အစဥ္၌ စြဲၿငိိေနသည္ကို ဝါသနာရွိသည္ဟု မွတ္ယူရမည္ျဖစ္သည္။  ေကာင္းသည့္ အာရံုကို ဝါသနာရွိေနပါက သမၼာဆႏၵျဖစ္ၿပီး၊ မေကာင္းေသာအာရံုကို ဝါသနာရွိေနပါက ကိေလသာဟု မဟာဂႏၶာရံုဆရာေတာ္၏ ကိုယ္က်င့္အဘိဓမၼာ၌ ဆိုသည္။  ထို႔ေၾကာင့္ ေကာင္းေသာ ဝါသနာစရိုက္မ်ား ေမြးျမဴထူေထာင္ၾကရန္ ဆရာေတာ္ႀကီးက တိုက္တြန္းခဲ႔သည္။ ဤကား ေလာကုတၱရာအလိုတည္း။
ေလာကီအလိုတြင္ ဝါသနာဟူသည္ မိမိစိတ္ဝင္စားရာ လႈပ္ရွားမႈတစ္ခုခုျပဳလုပ္ျခင္းဟု စာေရးသူ အဓိပၸါယ္ ဖြင့္ဆိုခ်င္ပါသည္။  ဝါသနာမ်ိဳးစံုရွိသည္တြင္ စာေရး၊ စာဖတ္ျခင္း၊ ငါးေမြးျမဴျခင္း၊ ပန္းအလွျပဳျပင္ျခင္းစသည့္ အိမ္တြင္းဝါသနာမ်ား၊ အားကစား ျပဳလုပ္ျခင္း၊ ပန္းဥယာဥ္စိုက္ပ်ိဳးျခင္း၊ ခရီးထြက္ျခင္း စေသာ အိမ္ျပင္ပဝါသနာမ်ား၊ တံဆိပ္ေခါင္း၊ ေငြဒဂၤါးစသည္တို႔ကို စုေဆာင္းေသာ ဝါသနာ၊ ဓါတ္ပံုရိုက္ကူးျခင္း၊ ငွက္ၾကည့္ျခင္း၊ အာကာသ နကၡတၱာရာေလ့လာျခင္း စသည့္ ေစာင့္ၾကည့္ေသာ ဝါသနာဟူ၍ ခြဲျုခားနိုင္သည္။  မည္သည့္ဝါသနာရွိသည္ျဖစ္ေစ မိမိဝါသနာပါရာ လႈပ္ရွားမႈကို အားစိုက္လုပ္ေဆာင္ပါက တစ္ခ်ိန္ခ်ိန္တြင္ အက်ိဳးအျမတ္ တစ္ခုခုရရွိမည္မွာ အေသခ်ာပင္ ျဖစ္သည္။  အေျခခံအားျဖင့္ မိမိအခ်ိန္ကို တစ္ခုခုအတြက္ အသံုးခ်ေနျဖစ္သည္ ျဖစ္ရာ အခ်ည္းႏွီးမျဖစ္ေခ်။  ဝါသနာတစ္ခုခုအရင္းခံရွိပါက စိတ္ေလလြင့္မႈ မျဖစ္ေတာ့ဘဲ အာရံုစိုက္စရာ တစ္ခုခု ရွိေနမည္ျဖစ္သည္။ 
ဥပမာျပဆိုခဲ႔ေသာ အိမ္တြင္းဝါသနာမ်ားကို ၾကည့္ပါ။ စာဖတ္ျခင္းမွ အသိဥာဏ္ အေတြးအေခၚ ဖြံ႔ျဖိဳးနိုင္သည္။ ငါးေမြးျမဴျခင္းမွ စိတ္ၾကည္ႏူးမႈရနိုင္သည္။ အပန္းေျဖရာ အာရံုတစ္ခုရနိုင္သည္။  ပန္းအလွ ျပဳျပင္ျခင္းမွလည္း ထိုနည္းလည္းေကာင္းပင္ ျဖစ္သည္။  အခ်ိဳ႕ဝါသနာမ်ားမွာ ေလ့လာမႈမ်ားလာသည္ႏွင့္ အညီ ကြ်မ္းက်င္လာၿပီး မိမိဘဝရပ္တည္မႈ တစ္ခုအေနနွင့္ပင္ အသံုးခ်လာနိုင္သည္ကို ေတြ႔ရမည္။  ဝါသနာကို အရင္းတည္ၿပီး ဘဝရပ္တည္မႈရရွိေနၾကေသာ သူအမ်ားစုသည္ ေပ်ာ္ရႊင္ၾကသည္။ မိမိတို႔ အသက္ေမြးဝမ္းေၾကာင္းႏွင့္ မိမိတို႔၏ စိတ္ဝင္စားမႈ တစ္ထပ္တည္းက်ေသာေၾကာင့္ ျ့ဖစ္သည္။ မိမိတို႔၏ လုပ္ငန္းခြင္သည္ ေပ်ာ္စရာေကာင္းလာသည္။ ေပ်ာ္စရာေကာင္းသည့္ လုပ္ငန္းခြင္သည္ ေအာင္ျမင္မႈမ်ား ေပးစြမ္းနုိင္သည္။ မိမိကိုယ္ကို စိတ္ေက်နပ္မႈ၊ လုပ္ငန္းေအာင္ျမင္မႈမ်ားသည္ သာယာခ်မ္းေျမ့ေသာ မိသားစုဘဝကို ေပးစြမ္းလာနိုင္သည္။ 
စုေဆာင္းျခင္း ဝါသနာသည္ ဝါသနာ အရပ္ရပ္တို႔တြင္ ထင္ရွားသည္။  စုေဆာင္းျခင္းဝါသနာ၏ အစသည္ ကမာၻဦးေက်ာက္ေခတ္မွပင္ စသည္ဟု ဖတ္ရႈမွတ္သားဖူးပါသည္။ ေက်ာက္ေခတ္ေန လူသားတို႔သည္ ရွာေဖြရရွိေသာ အစားအစာတို႔ကို စုေဆာင္းၾကသည္။ ေရွးအီဂ်စ္တို႔သည္ ကမာၻအႏွံမွ စာအုပ္မ်ား စုေဆာင္းရာ အလက္ဇန္းၿဒီးယား စာၾကည့္တိုက္ႀကီး ျဖစ္လာသည္။  ေငြဒဂၤါး၊ ေရွးေဟာင္းပစၥည္း၊ ေရွးေခတ္ေၾကြထည္မ်ား၊ ဆုတံဆိပ္မ်ား၊ ရင္ထိုးမ်ား၊ ေက်ာက္မ်က္ရတနာမ်ား၊ သတၱဳနမူနာမ်ား၊ တံဆိပ္ေခါင္းမ်ား၊ ပန္းခ်ီ၊ ပန္းပုစသည့္ အနုပညာပစၥည္းမ်ားမွသည္ ေျမပံု၊ ကစားစရာအရုပ္၊ မီးျခစ္ဆံဘူး၊ စီးကရက္ဘူးခြံ၊ ရုပ္ရွင္ပိုစတာ၊ ၾကယ္သီး၊ CD/DVD ေခြမ်ား၊ ထီလက္မွတ္အေဟာင္းမ်ား၊ ပုလင္းဖံုးခြံ၊ ဇြန္းအမ်ိဳးမ်ိဳး၊ ေရခဲေသတၱာတြင္ ကပ္ေသာ သံလိုက္ရုပ္မ်ား၊ လိပ္ျပာႏွင့္ အျခား အင္းဆက္ အေသေကာင္မ်ား၊ အိတ္ေဆာင္ျပကၡဒိန္ငယ္မ်ား၊ နာရီအမ်ိဳးမ်ိဳး၊ ေဘာပင္စသည္ျဖင့္ အမ်ဳိးစံု စုေဆာင္းၾကသည္။ 
စာေရးသူေတြ႔ၾကံဳဘူးသည္႔ ထူးျခားေသာ စုေဆာင္းမႈတစ္ခုကို အခါသင့္၍ ေျပာျပလိုပါသည္။  ၄င္းပုဂၢိဳလ္မွာ စီးပြားေရးလုပ္ငန္း ကိစၥျဖင့္ ေလယာဥ္မၾကာခဏစီးကာ နိုင္ငံရပ္ျခားသို႔ သြားေရာက္ရသည္။  အခ်ိဳ႔မွာ ေလယဥ္မူးတက္သျဖင့္ ေလေၾကာင္းလိုင္းမ်ားက ပ်ိဳ႔အန္လွ်င္အသံုးျပဳရန္ မိမိတို႔ ေလေၾကာင္းလိုင္း တံဆိပ္မ်ား ရိုက္ႏွိပ္ထားေသာ စကၠဴအိတ္ငယ္မ်ား(air sickness bags) ေပးထားတတ္္သည္။ ထိုပုဂၢိဳလ္မွာ အလုပ္ကိစၥျဖင့္ ျဖစ္ေစ၊ မိသားစု အေပ်ာ္ခရီးျဖစ္ေစေလယာဥ္စီးျဖစ္တိုင္း ထိုအိတ္ငယ္မ်ားကို မိမိ၏ စုေဆာင္းမႈအတြက္ အိမ္ျပန္သယ္လာေလ့ရွိသည္။  သူ၏ မိတ္ေဆြမ်ားကလည္း ေလယာဥ္စီးျဖစ္လွ်င္ ထိုအိတ္ငယ္မ်ား ယူလာေပးၾကသည္။  ဆင္တူျဖစ္ၿပီး ထပ္ေနေသာ အိတ္မ်ားကို ဝါသနာတူ စုေဆာင္းသူမ်ားႏွင့္ လဲလွယ္သည္။  တစ္ျဖည္းျဖည္းနွင့္ ၄င္း၏ စုေဆာင္းမႈမွာ မ်ားျပားလာခဲ႔ရာ စကၠဴအိတ္ငယ္ေပါင္း ၃၇၀၀ ခန္႔စုေဆာင္းရရွိၿပီး ကမာၻ႔စံခ်ိန္တင္နိုင္ခဲ႔သည္။  ၄င္း၏အဆိုအရ အႏွစ္သက္ဆံုး အိတ္မွာ ကိုလံဘီယာ အာကသယာဥ္မွ အိတ္ငယ္ျဖစ္သည္ဟု ဆိုသည္။     
စုေဆာင္းျခင္း ဝါသနာတို႔တြင္ တံဆိပ္ေခါင္းစုေဆာင္းျခင္းသည္ အလြန္ထင္ရွားသည္။ တံဆိပ္ေခါင္း စုေဆာင္းသူတို႔ ေျပာဆိုေလ့ရွိသည္မွာ “Hobby of Kings, King of Hobbies - ဘုရင္တို႔၏ ဝါသနာ၊ ဝါသနာတို႔၏ ဘုရင္” ဟူူ၍ျဖစ္သည္။  တစ္ကယ္လည္း ဘုရင္တို႔၏ ဝါသနာျဖစ္ပါသည္။ အဂၤလန္ျပည့္ရွင္ ေဂ်ာ့ဘုရင္ မင္းျမတ္ ၅၊ ယခု လက္ရွိ ဘုရင္မႀကီး အဲလစ္ဇဘတ္ ၂ တို႔သည္ ထင္ရွားသည္။ ၂၀၁၅ ခုႏွစ္က တရုတ္သမၼတ ရွီက်င္းပင္ အဂၤလန္နိုင္ငံသို႔ လာေရာက္လည္ပတ္ရာတြင္ ဘုရင္မႀကီးနွင့္ ေတြ႔ဆံုရာ၌ တံဆိပ္ေခါင္း အယ္လဘန္ (album) လက္ေဆာင္ေပးခဲ႔သည္။ ဘုရင္မႀကီး၏ တံဆိပ္ေခါင္းစုေဆာင္းမႈမွာ ၄င္း၏ အဘိုးထံမွ အေမြရခဲ႔ျခင္း ျဖစ္ၿပီး တန္ဘိုးသတ္မွတ္မရနိုင္ေျခ။ ကမာၻေပၚ၌ ရွားပါးေပ့ဆိုေသာ တံဆိပ္ေခါင္းႏွင့္ စာပို႔သမိုင္းဆိုင္ရာ ပစၥည္းမ်ား စုေဆာင္းထားရွိသည္။
ထိုင္းနိုင္ငံမွ မင္းသမီးႀကီး သီရိဒံုသည္လည္း တံဆိပ္ေခါင္းနွင့္ ပို႔စကတ္စုေဆာင္းသူ တစ္ဦးျဖစ္သည္။  ထိုင္းနိုင္ငံ တံဆိပ္ေခါင္းစုေဆာင္းသူမ်ား အသင္း၏ နာယကႀကီး တစ္ဦးလည္းျဖစ္သည္။  မင္းသမီးႀကီးမွာ နိုင္ငံရပ္ျခားတိုင္းျပည္မ်ားသို႔ ေရာက္ရွိလွ်င္ ထိုနိုင္ငံမွ ပို႔စကတ္အခ်ိဳ႕ကို မိမိ၏အမည္ျဖင့္ လိပ္မူ၍ စုေဆာင္းရန္ ျပန္လည္ေပးပို႔ေလ့ရွိသည္။ အေမရိကန္ သမၼတႀကီး ဖရန္းကလင္း ရုစဗဲ႔၊ ဟာသသရုပ္ေဆာင္ ခ်ာလီခ်က္ပလင္ စသည္ျဖင့္ ထင္ရွားေသာ တံဆိပ္ေခါင္းစုေဆာင္းသူ အမ်ားအျပားရွိသည္။  ျမန္မာနိုင္ငံတြင္လည္း အနုပညာရွင္ ဦးေအာင္မင္း၊ ဒီဇိုင္နာ ဦးမ်ိဳးေဆြသန္း၊ ရုပ္ရွင္သရုပ္ေဆာင္ ဖိဳးေငြစိုး၊ ဥကၠာဦးသာ စသည္ျဖင့္ တံဆိပ္ေခါင္းစိတ္ဝင္စားေသာ ဝါသနာရွင္မ်ား ရွိေနေပေသးသည္။  ယခု နိုင္ငံေတာ္ သမၼတႀကီး ဦးထင္ေက်ာ္မွာလည္း တံဆိပ္ေခါင္း စုေဆာင္းေသာ ဝါသနာရွိသည္ဟု သိရ၍ ဝမ္းေျမာက္ရပါသည္။
စုေဆာင္းျခင္း ဝါသနာကို ဆက္လက္ေလ့လာပါဦးစို႔။ စုေဆာင္းသူသည္ အခ်ိန္ျပည့္ ေပ်ာ္ရႊင္ေနသည္ကိုေတြ႔ရမည္။  မိမိ၏ စုေဆာင္းမႈ (collection) အေပၚ မိမိေက်နပ္ေပ်ာ္ရႊင္ေနမည္။ မိမိစုေဆာင္းမႈထဲသို႔ ပစၥည္း အသစ္တစ္ခုေရာက္လာတိုင္း ေပ်ာ္ရႊင္ရမည္။  စုေဆာင္းရာမွ အရာရာကို စံနစ္တက် ကိုင္တြယ္တက္ေသာသူ ျဖစ္လာမည္။  ပန္းခ်ီကား၊ ေရွးေဟာင္း ပစၥည္း၊ တံဆိပ္ေခါင္း၊ ေငြဒဂၤါး စသည္တို႔သည္ တစ္ခ်ိန္တြင္ ေငြေၾကးအျမတ္အစြန္း ရလာနိုင္ေပသည္။  စုေဆာင္းျခင္းသာမက၊ အျခားေသာဝါသနာမ်ားသည္လည္း ေငြေၾကးအျမတ္အစြန္း ရနိုင္ေပေသးသည္။ ဥပမာအားျဖင့္ ပန္းခ်ီဆြဲျခင္းဝါသနာရွင္သည္ မိမိဝါသနာပါရာ လုပ္ကိုင္ရင္း ကြ်မ္းက်င္မႈအလိုက္ ေငြေၾကးအျမတ္အစြန္း ရရွိနိုင္ေပသည္။ 
အခ်ိုဳ႕ကလည္း ဝါသနာဆိုတာ ေငြေၾကးအကုန္အက်မ်ားတယ္လို႔ ထင္ၾကသည္။  ဒါကေတာ့ မိမိတက္နိုင္သည့္ အေနအထားကို ခ်ိန္ညွိရေပမည္။  ေန႔စဥ္ထုတ္ သတင္းစာမ်ား စုေဆာင္းသူတစ္ဦးသည္ အျခားပစၥည္းစုဆာင္းသူမ်ားထက္ ပိုမို၍ ကုန္ၾကစာရိတ္သက္သာနိုင္သည္။  ေရကူးအားကစား ဝါသနာပါသူ၏ ကုန္ၾကစာရိတ္သည္ ေဂါက္သီးရိုက္အားကစားဝါသနာပါသူေလာက္ မရွိနိုင္ေျခ။  ဝါသနာဟူသည္ ရည္ရွည္လုပ္ရမည့္ လုပ္ငန္းစဥ္ျဖစ္ေလရာ မိမိ budget ကို မိမိခ်ိန္ညွိရမည္ ျဖစ္သည္။  ထို႔ျပင္ဝါသနာဟူသည္မွာ ေျပာင္းလဲတက္သည့္သေဘာလဲရွိေလသည္။ ငယ္စဥ္က ဝါသနာက တစ္မ်ိဳး၊ အသက္အရြယ္ရလာေတာ့ စိတ္ဝင္စားမႈေျပာင္းလဲၿပီး ဝါသနာ အသစ္မ်ားျဖစ္ေပၚလာတက္သည္။  မိမိ၏ဝါသနာ အစစ္အမွန္ကို ေဖၚထုတ္ေတြ႔ရွိသြားၿပီဆိုလွ်င္ေတာ့ ထုိဝါသနာကို ရာသက္ပန္ ထိန္းသိမ္းသြားၾကေတာ့သည္။
မိဘအမ်ားစုသည္ မိမိတို႔၏ ရင္ေသြးငယ္မ်ားကို ျပဳစုပ်ိဳးေထာင္ရာတြင္ မိမိတို႔၏ အတၱကို ေရွ႕တန္းတင္လွ်က္ မိမိတို႔ျဖစ္ေစခ်င္သည္ကို သားသမီးငယ္တို႔အား ဖိအားေပး၍ ႀကိဳးစားေစၾကရာ ကေလး၏ ဝါသနာ (hobby)၊ ပင္ကုိယ္ဗီဇ ကြ်မ္းက်င္မႈ (talent) ႏွင့္ အိပ္မက္ (dream) တို႔ကို လစ္လ်ဴရႈထား တက္ၾကသည္။ ေလာကတြင္ အားကစားျဖင့္ ေအာင္ျမင္ေနသူ၊ စာေရး၊ စာဖတ္ျခင္းအလုပ္တို႔ျဖင့္ ရပ္တည္ေနသူ၊ မိမိစိတ္ဝင္စားရာ ေလ့လာၿပီး ေက်နပ္ေနသူ အမ်ားအျပားရွိသည္။  စာေရးသူ၏ ပုဂၢလိက ခံယူခ်က္အရ ေအာင္ျမင္မႈအစစ္အမွန္သည္ မိမိကိုယ္ကို ေက်နပ္ျခင္း ျဖစ္သည္။  ဤေနရာတြင္ ဝါသနာပါရာမွ လြဲၿပီးအျခား မလုပ္ရဟု မဆိုလိုေပ။ မိမိဘဝရပ္တည္မႈအတြက္ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းတစ္ခုခုႏွင့္ တြဲဖက္၍ မိမိဝါသနာပါရာ လုပ္ငန္းရပ္မ်ားကို လုပ္ေဆာင္နိုင္ပါက ပို၍ေကာင္းမြန္ေပမည္။  မိမိတို႔အားလပ္ေသာ အခ်ိန္ပိုေလးမ်ားတြင္ ဝါသနာပါရာ လုပ္ေဆာင္နိုင္သည္။  ဝါသနာတူ မိတ္ေဆြမ်ားရွာေဖြ၍ အခ်က္အလက္ ဖလွယ္ျခင္း၊ အေတြ႔အၾကံဳမွ်ေဝျခင္း စသည္ျ့ဖင့္ မိတ္ေဆြ တိုးပြားနုိင္သည္။ ေပ်ာ္စရာေကာင္းေသာ ဘဝကို ထုိဝါသနာလုပ္ငန္းမ်ားမွ ရရွိေသာအခါ မိမိ၏ စိတ္သည္၊ စိတ္ဓါတ္ၾကျခင္း၊ စိတ္အားငယ္ျခင္းတို႔ ပေပ်ာက္ၿပီး အသက္ေမြးမႈ လုပ္ငန္းခြင္အတြက္ ခြန္အားမ်ားရရွိေပမည္။  ေက်ာင္းသားလူငယ္မ်ားကို အိမ္တြင္းဝါသနာလုပ္ငန္းရပ္မ်ား ေဖၚထုတ္လုပ္ေဆာင္ေစျခင္းျဖင့္ အာရံုစူးစိုက္မႈ (concentration)၊ အေသးစိတ္လုပ္ကိုင္နိုင္မႈ၊ သပ္ရပ္စြာ လုပ္ကိုင္တက္မႈတို႔ကို ရရွိေစမည္။  အားကစားကဲ႔သို႔ေသာ အခ်ိဳဝါသနာမ်ားမွလည္း အသင္းအဖြဲ႔ လုပ္ကိုင္နိုင္မႈ (teamwork)၊ ကိုယ္ခႏာၱၾကံ့ခိုင္မႈ (fitness)၊ အခ်ိန္တိက်ေလးစားလိုက္နာမႈ စသည္ျဖင့္ ေလ့က်င့္သင္ၾကားနိုင္ေလသည္။  ထိုကဲ႔သို႔ အက်ိဳးအျမတ္ေကာင္း မ်ားစြာ ရရွိမည္ျဖစ္ေလရာ လူငယ္တို႔၏ ဝါသနာမ်ားကို ျပဳစုပ်ိဳးေထာင္ ေဖာ္ထုတ္ ေလ့က်င့္ေပးသင့္ေပသည္။

ငွက္ခါး

<Unicode Version>

ဝါသနာဆိုသော စကားရပ်သည် မူလမြန်မာစကားမဟုတ်ချေ။ ပါဠိစကားလုံး ဖြစ်ခြေရာ ဝါသနာအကြောင်းကို ပြောဆိုရာ၌ ပါဠိကဖွင့်သော ဝါသနာအကြောင်းကို အရင်ပြောဆိုရပေမည်။  ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန်၌ ဝါသနာ ထုံခြင်း၊ အထုံ ဟုပြဆိုသည်။ အရင်က ရှိခဲ့ဘူးသော အာရုံတို့သည် စိတ်အစဉ်၌ စွဲငြိိနေသည်ကို ဝါသနာရှိသည်ဟု မှတ်ယူရမည်ဖြစ်သည်။  ကောင်းသည့် အာရုံကို ဝါသနာရှိနေပါက သမ္မာဆန္ဒဖြစ်ပြီး၊ မကောင်းသောအာရုံကို ဝါသနာရှိနေပါက ကိလေသာဟု မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာ၌ ဆိုသည်။  ထို့ကြောင့် ကောင်းသော ဝါသနာစရိုက်များ မွေးမြူထူထောင်ကြရန် ဆရာတော်ကြီးက တိုက်တွန်းခဲ့သည်။ ဤကား လောကုတ္တရာအလိုတည်း။
လောကီအလိုတွင် ဝါသနာဟူသည် မိမိစိတ်ဝင်စားရာ လှုပ်ရှားမှုတစ်ခုခုပြုလုပ်ခြင်းဟု စာရေးသူ အဓိပ္ပါယ် ဖွင့်ဆိုချင်ပါသည်။  ဝါသနာမျိုးစုံရှိသည်တွင် စာရေး၊ စာဖတ်ခြင်း၊ ငါးမွေးမြူခြင်း၊ ပန်းအလှပြုပြင်ခြင်းစသည့် အိမ်တွင်းဝါသနာများ၊ အားကစား ပြုလုပ်ခြင်း၊ ပန်းဥယာဉ်စိုက်ပျိုးခြင်း၊ ခရီးထွက်ခြင်း စသော အိမ်ပြင်ပဝါသနာများ၊ တံဆိပ်ခေါင်း၊ ငွေဒင်္ဂါးစသည်တို့ကို စုဆောင်းသော ဝါသနာ၊ ဓါတ်ပုံရိုက်ကူးခြင်း၊ ငှက်ကြည့်ခြင်း၊ အာကာသ နက္ခတ္တာရာလေ့လာခြင်း စသည့် စောင့်ကြည့်သော ဝါသနာဟူ၍ ခွဲြုခားနိုင်သည်။  မည်သည့်ဝါသနာရှိသည်ဖြစ်စေ မိမိဝါသနာပါရာ လှုပ်ရှားမှုကို အားစိုက်လုပ်ဆောင်ပါက တစ်ချိန်ချိန်တွင် အကျိုးအမြတ် တစ်ခုခုရရှိမည်မှာ အသေချာပင် ဖြစ်သည်။  အခြေခံအားဖြင့် မိမိအချိန်ကို တစ်ခုခုအတွက် အသုံးချနေဖြစ်သည် ဖြစ်ရာ အချည်းနှီးမဖြစ်ချေ။  ဝါသနာတစ်ခုခုအရင်းခံရှိပါက စိတ်လေလွင့်မှု မဖြစ်တော့ဘဲ အာရုံစိုက်စရာ တစ်ခုခု ရှိနေမည်ဖြစ်သည်။ 
ဥပမာပြဆိုခဲ့သော အိမ်တွင်းဝါသနာများကို ကြည့်ပါ။ စာဖတ်ခြင်းမှ အသိဉာဏ် အတွေးအခေါ် ဖွံ့ဖြိုးနိုင်သည်။ ငါးမွေးမြူခြင်းမှ စိတ်ကြည်နူးမှုရနိုင်သည်။ အပန်းဖြေရာ အာရုံတစ်ခုရနိုင်သည်။  ပန်းအလှ ပြုပြင်ခြင်းမှလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။  အချို့ဝါသနာများမှာ လေ့လာမှုများလာသည်နှင့် အညီ ကျွမ်းကျင်လာပြီး မိမိဘဝရပ်တည်မှု တစ်ခုအနေနှင့်ပင် အသုံးချလာနိုင်သည်ကို တွေ့ရမည်။  ဝါသနာကို အရင်းတည်ပြီး ဘဝရပ်တည်မှုရရှိနေကြသော သူအများစုသည် ပျော်ရွှင်ကြသည်။ မိမိတို့ အသက်မွေးဝမ်းကြောင်းနှင့် မိမိတို့၏ စိတ်ဝင်စားမှု တစ်ထပ်တည်းကျသောကြောင့် ြ့ဖစ်သည်။ မိမိတို့၏ လုပ်ငန်းခွင်သည် ပျော်စရာကောင်းလာသည်။ ပျော်စရာကောင်းသည့် လုပ်ငန်းခွင်သည် အောင်မြင်မှုများ ပေးစွမ်းနိုင်သည်။ မိမိကိုယ်ကို စိတ်ကျေနပ်မှု၊ လုပ်ငန်းအောင်မြင်မှုများသည် သာယာချမ်းမြေ့သော မိသားစုဘဝကို ပေးစွမ်းလာနိုင်သည်။ 
စုဆောင်းခြင်း ဝါသနာသည် ဝါသနာ အရပ်ရပ်တို့တွင် ထင်ရှားသည်။  စုဆောင်းခြင်းဝါသနာ၏ အစသည် ကမ္ဘာဦးကျောက်ခေတ်မှပင် စသည်ဟု ဖတ်ရှုမှတ်သားဖူးပါသည်။ ကျောက်ခေတ်နေ လူသားတို့သည် ရှာဖွေရရှိသော အစားအစာတို့ကို စုဆောင်းကြသည်။ ရှေးအီဂျစ်တို့သည် ကမ္ဘာအနှံမှ စာအုပ်များ စုဆောင်းရာ အလက်ဇန်းဒြီးယား စာကြည့်တိုက်ကြီး ဖြစ်လာသည်။  ငွေဒင်္ဂါး၊ ရှေးဟောင်းပစ္စည်း၊ ရှေးခေတ်ကြွေထည်များ၊ ဆုတံဆိပ်များ၊ ရင်ထိုးများ၊ ကျောက်မျက်ရတနာများ၊ သတ္တုနမူနာများ၊ တံဆိပ်ခေါင်းများ၊ ပန်းချီ၊ ပန်းပုစသည့် အနုပညာပစ္စည်းများမှသည် မြေပုံ၊ ကစားစရာအရုပ်၊ မီးခြစ်ဆံဘူး၊ စီးကရက်ဘူးခွံ၊ ရုပ်ရှင်ပိုစတာ၊ ကြယ်သီး၊ CD/DVD ခွေများ၊ ထီလက်မှတ်အဟောင်းများ၊ ပုလင်းဖုံးခွံ၊ ဇွန်းအမျိုးမျိုး၊ ရေခဲသေတ္တာတွင် ကပ်သော သံလိုက်ရုပ်များ၊ လိပ်ပြာနှင့် အခြား အင်းဆက် အသေကောင်များ၊ အိတ်ဆောင်ပြက္ခဒိန်ငယ်များ၊ နာရီအမျိုးမျိုး၊ ဘောပင်စသည်ဖြင့် အမျိုးစုံ စုဆောင်းကြသည်။ 
စာရေးသူတွေ့ကြုံဘူးသည့် ထူးခြားသော စုဆောင်းမှုတစ်ခုကို အခါသင့်၍ ပြောပြလိုပါသည်။  ၄င်းပုဂ္ဂိုလ်မှာ စီးပွားရေးလုပ်ငန်း ကိစ္စဖြင့် လေယာဉ်မကြာခဏစီးကာ နိုင်ငံရပ်ခြားသို့ သွားရောက်ရသည်။  အချို့မှာ လေယဉ်မူးတက်သဖြင့် လေကြောင်းလိုင်းများက ပျို့အန်လျှင်အသုံးပြုရန် မိမိတို့ လေကြောင်းလိုင်း တံဆိပ်များ ရိုက်နှိပ်ထားသော စက္ကူအိတ်ငယ်များ(air sickness bags) ပေးထားတတ််သည်။ ထိုပုဂ္ဂိုလ်မှာ အလုပ်ကိစ္စဖြင့် ဖြစ်စေ၊ မိသားစု အပျော်ခရီးဖြစ်စေလေယာဉ်စီးဖြစ်တိုင်း ထိုအိတ်ငယ်များကို မိမိ၏ စုဆောင်းမှုအတွက် အိမ်ပြန်သယ်လာလေ့ရှိသည်။  သူ၏ မိတ်ဆွေများကလည်း လေယာဉ်စီးဖြစ်လျှင် ထိုအိတ်ငယ်များ ယူလာပေးကြသည်။  ဆင်တူဖြစ်ပြီး ထပ်နေသော အိတ်များကို ဝါသနာတူ စုဆောင်းသူများနှင့် လဲလှယ်သည်။  တစ်ဖြည်းဖြည်းနှင့် ၄င်း၏ စုဆောင်းမှုမှာ များပြားလာခဲ့ရာ စက္ကူအိတ်ငယ်ပေါင်း ၃၇၀၀ ခန့်စုဆောင်းရရှိပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည်။  ၄င်း၏အဆိုအရ အနှစ်သက်ဆုံး အိတ်မှာ ကိုလံဘီယာ အာကသယာဉ်မှ အိတ်ငယ်ဖြစ်သည်ဟု ဆိုသည်။    
စုဆောင်းခြင်း ဝါသနာတို့တွင် တံဆိပ်ခေါင်းစုဆောင်းခြင်းသည် အလွန်ထင်ရှားသည်။ တံဆိပ်ခေါင်း စုဆောင်းသူတို့ ပြောဆိုလေ့ရှိသည်မှာ “Hobby of Kings, King of Hobbies - ဘုရင်တို့၏ ဝါသနာ၊ ဝါသနာတို့၏ ဘုရင်” ဟူူ၍ဖြစ်သည်။  တစ်ကယ်လည်း ဘုရင်တို့၏ ဝါသနာဖြစ်ပါသည်။ အင်္ဂလန်ပြည့်ရှင် ဂျော့ဘုရင် မင်းမြတ် ၅၊ ယခု လက်ရှိ ဘုရင်မကြီး အဲလစ်ဇဘတ် ၂ တို့သည် ထင်ရှားသည်။ ၂၀၁၅ ခုနှစ်က တရုတ်သမ္မတ ရှီကျင်းပင် အင်္ဂလန်နိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဘုရင်မကြီးနှင့် တွေ့ဆုံရာ၌ တံဆိပ်ခေါင်း အယ်လဘန် (album) လက်ဆောင်ပေးခဲ့သည်။ ဘုရင်မကြီး၏ တံဆိပ်ခေါင်းစုဆောင်းမှုမှာ ၄င်း၏ အဘိုးထံမှ အမွေရခဲ့ခြင်း ဖြစ်ပြီး တန်ဘိုးသတ်မှတ်မရနိုင်ခြေ။ ကမ္ဘာပေါ်၌ ရှားပါးပေ့ဆိုသော တံဆိပ်ခေါင်းနှင့် စာပို့သမိုင်းဆိုင်ရာ ပစ္စည်းများ စုဆောင်းထားရှိသည်။
ထိုင်းနိုင်ငံမှ မင်းသမီးကြီး သီရိဒုံသည်လည်း တံဆိပ်ခေါင်းနှင့် ပို့စကတ်စုဆောင်းသူ တစ်ဦးဖြစ်သည်။  ထိုင်းနိုင်ငံ တံဆိပ်ခေါင်းစုဆောင်းသူများ အသင်း၏ နာယကကြီး တစ်ဦးလည်းဖြစ်သည်။  မင်းသမီးကြီးမှာ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ ရောက်ရှိလျှင် ထိုနိုင်ငံမှ ပို့စကတ်အချို့ကို မိမိ၏အမည်ဖြင့် လိပ်မူူ၍ စုဆောင်းရန် ပြန်လည်ပေးပို့လေ့ရှိသည်။ အမေရိကန် သမ္မတကြီး ဖရန်းကလင်း ရုစဗဲ့၊ ဟာသသရုပ်ဆောင် ချာလီချက်ပလင် စသည်ဖြင့် ထင်ရှားသော တံဆိပ်ခေါင်းစုဆောင်းသူ အများအပြားရှိသည်။  မြန်မာနိုင်ငံတွင်လည်း အနုပညာရှင် ဦးအောင်မင်း၊ ဒီဇိုင်နာ ဦးမျိုးဆွေသန်း၊ ရုပ်ရှင်သရုပ်ဆောင် ဖြိုးငွေစိုး၊ ဥက္ကာဦးသာ စသည်ဖြင့် တံဆိပ်ခေါင်းစိတ်ဝင်စားသော ဝါသနာရှင်များ ရှိနေပေသေးသည်။  ယခု နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်မှာလည်း တံဆိပ်ခေါင်း စုဆောင်းသော ဝါသနာရှိသည်ဟု သိရ၍ ဝမ်းမြောက်ရပါသည်။
စုဆောင်းခြင်း ဝါသနာကို ဆက်လက်လေ့လာပါဦးစို့။ စုဆောင်းသူသည် အချိန်ပြည့် ပျော်ရွှင်နေသည်ကိုတွေ့ရမည်။  မိမိ၏ စုဆောင်းမှု (collection) အပေါ် မိမိကျေနပ်ပျော်ရွှင်နေမည်။ မိမိစုဆောင်းမှုထဲသို့ ပစ္စည်း အသစ်တစ်ခုရောက်လာတိုင်း ပျော်ရွှင်ရမည်။  စုဆောင်းရာမှ အရာရာကို စံနစ်တကျ ကိုင်တွယ်တက်သောသူ ဖြစ်လာမည်။  ပန်းချီကား၊ ရှေးဟောင်း ပစ္စည်း၊ တံဆိပ်ခေါင်း၊ ငွေဒင်္ဂါး စသည်တို့သည် တစ်ချိန်တွင် ငွေကြေးအမြတ်အစွန်း ရလာနိုင်ပေသည်။  စုဆောင်းခြင်းသာမက၊ အခြားသောဝါသနာများသည်လည်း ငွေကြေးအမြတ်အစွန်း ရနိုင်ပေသေးသည်။ ဥပမာအားဖြင့် ပန်းချီဆွဲခြင်းဝါသနာရှင်သည် မိမိဝါသနာပါရာ လုပ်ကိုင်ရင်း ကျွမ်းကျင်မှုအလိုက် ငွေကြေးအမြတ်အစွန်း ရရှိနိုင်ပေသည်။ 
အချိုု့ကလည်း ဝါသနာဆိုတာ ငွေကြေးအကုန်အကျများတယ်လို့ ထင်ကြသည်။  ဒါကတော့ မိမိတက်နိုင်သည့် အနေအထားကို ချိန်ညှိရပေမည်။  နေ့စဉ်ထုတ် သတင်းစာများ စုဆောင်းသူတစ်ဦးသည် အခြားပစ္စည်းစုဆာင်းသူများထက် ပိုမို၍ ကုန်ကြစာရိတ်သက်သာနိုင်သည်။  ရေကူးအားကစား ဝါသနာပါသူ၏ ကုန်ကြစာရိတ်သည် ဂေါက်သီးရိုက်အားကစားဝါသနာပါသူလောက် မရှိနိုင်ခြေ။  ဝါသနာဟူသည် ရည်ရှည်လုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်လေရာ မိမိ budget ကို မိမိချိန်ညှိရမည် ဖြစ်သည်။  ထို့ပြင်ဝါသနာဟူသည်မှာ ပြောင်းလဲတက်သည့်သဘောလဲရှိလေသည်။ ငယ်စဉ်က ဝါသနာက တစ်မျိုး၊ အသက်အရွယ်ရလာတော့ စိတ်ဝင်စားမှုပြောင်းလဲပြီး ဝါသနာ အသစ်များဖြစ်ပေါ်လာတက်သည်။  မိမိ၏ဝါသနာ အစစ်အမှန်ကို ဖေါ်ထုတ်တွေ့ရှိသွားပြီဆိုလျှင်တော့ ထိုဝါသနာကို ရာသက်ပန် ထိန်းသိမ်းသွားကြတော့သည်။
မိဘအများစုသည် မိမိတို့၏ ရင်သွေးငယ်များကို ပြုစုပျိုးထောင်ရာတွင် မိမိတို့၏ အတ္တကို ရှေ့တန်းတင်လျှက် မိမိတို့ဖြစ်စေချင်သည်ကို သားသမီးငယ်တို့အား ဖိအားပေး၍ ကြိုးစားစေကြရာ ကလေး၏ ဝါသနာ (hobby)၊ ပင်ကိုယ်ဗီဇ ကျွမ်းကျင်မှု (talent) နှင့် အိပ်မက် (dream) တို့ကို လစ်လျူရှုထား တက်ကြသည်။ လောကတွင် အားကစားဖြင့် အောင်မြင်နေသူ၊ စာရေး၊ စာဖတ်ခြင်းအလုပ်တို့ဖြင့် ရပ်တည်နေသူ၊ မိမိစိတ်ဝင်စားရာ လေ့လာပြီး ကျေနပ်နေသူ အများအပြားရှိသည်။  စာရေးသူ၏ ပုဂ္ဂလိက ခံယူချက်အရ အောင်မြင်မှုအစစ်အမှန်သည် မိမိကိုယ်ကို ကျေနပ်ခြင်း ဖြစ်သည်။  ဤနေရာတွင် ဝါသနာပါရာမှ လွဲပြီးအခြား မလုပ်ရဟု မဆိုလိုပေ။ မိမိဘဝရပ်တည်မှုအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုခုနှင့် တွဲဖက်၍ မိမိဝါသနာပါရာ လုပ်ငန်းရပ်များကို လုပ်ဆောင်နိုင်ပါက ပို၍ကောင်းမွန်ပေမည်။  မိမိတို့အားလပ်သော အချိန်ပိုလေးများတွင် ဝါသနာပါရာ လုပ်ဆောင်နိုင်သည်။  ဝါသနာတူ မိတ်ဆွေများရှာဖွေ၍ အချက်အလက် ဖလှယ်ခြင်း၊ အတွေ့အကြံုမျှဝေခြင်း စသည်ြ့ဖင့် မိတ်ဆွေ တိုးပွားနိုင်သည်။ ပျော်စရာကောင်းသော ဘဝကို ထိုဝါသနာလုပ်ငန်းများမှ ရရှိသောအခါ မိမိ၏ စိတ်သည်၊ စိတ်ဓါတ်ကြခြင်း၊ စိတ်အားငယ်ခြင်းတို့ ပပျောက်ပြီး အသက်မွေးမှု လုပ်ငန်းခွင်အတွက် ခွန်အားများရရှိပေမည်။  ကျောင်းသားလူငယ်များကို အိမ်တွင်းဝါသနာလုပ်ငန်းရပ်များ ဖေါ်ထုတ်လုပ်ဆောင်စေခြင်းဖြင့် အာရုံစူးစိုက်မှု (concentration)၊ အသေးစိတ်လုပ်ကိုင်နိုင်မှု၊ သပ်ရပ်စွာ လုပ်ကိုင်တက်မှုတို့ကို ရရှိစေမည်။  အားကစားကဲ့သို့သော အချို့ဝါသနာများမှလည်း အသင်းအဖွဲ့ လုပ်ကိုင်နိုင်မှု (teamwork)၊ ကိုယ်ခန္တာကြံ့ခိုင်မှု (fitness)၊ အချိန်တိကျလေးစားလိုက်နာမှု စသည်ဖြင့် လေ့ကျင့်သင်ကြားနိုင်လေသည်။  ထိုကဲ့သို့ အကျိုးအမြတ်ကောင်း များစွာ ရရှိမည်ဖြစ်လေရာ လူငယ်တို့၏ ဝါသနာများကို ပြုစုပျိုးထောင် ဖော်ထုတ် လေ့ကျင့်ပေးသင့်ပေသည်။

ငှက်ခါး
 

Wednesday, 20 July 2016

ဗိမာန်နန်းမြင့် ပျော်စံတင့် လင့်ခါနှစ်လည် မေ့နိုင်ပြီ

This article was published in The Voice Daily Newspaper, Vol. 4, No. 85, on 19 July 2016. 

ဗိမာန္နန္းျမင့္ ေပ်ာ္စံတင့္ လင့္ခါႏွစ္လည္ ေမ့နိုင္ၿပီ <Zawgyi Version>
ငွက္ခါး

အာဇာနည္ေန႔
၁၉၄၇ ခု ဇူလိုင္လ ၁၉ ရက္ေန႔သည္ ျမန္မာတစ္ျပည္လံုး ၀မ္းနည္းပူေဆြးေသာက ေရာက္ခဲ႔ၾကရေသာ ေန႔တစ္ေန႔ ျဖစ္ေပသည္။  ထိုေန႔ မနက္ ၁၀ နာရီ ၃၇ မိနစ္ခန္႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ တကြ တိုင္းျပည္ေခါင္းေဆာင္ႀကီးမ်ားသည္ မသမာသူ လူတစ္စု၏ ရက္စက္စြာ သတ္ျဖတ္ျခင္းကို ခံခဲ႔ရေပသည္။  ထိုစဥ္က ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အတူ သခင္ျမ၊ ဒီးဒုတ္ ဦးဘခ်ိဳ၊ မန္းဘခိုင္၊ ဦးဘ၀င္း၊ အဗၺဒူရာဇတ္ (ဦးရာဇတ္)၊ မိုင္းပြန္ေစာ္ဘြားႀကီး စ၀္စံထြန္း၊ ဦးအုန္းေမာင္ ႏွင့္ ဦးရာဇတ္၏ သက္ေတာ္ေစာင့္ ရဲေဘာ္ကိုေထြးတို႔ က်ဆံုးခဲ႔ၾကသည္။ လြတ္လပ္ေရး ႀကိဳးပမ္းေနစဥ္ကာလအတြင္း ယခုလိုအျဖစ္ဆိုးမ်ိဳးႏွင့္ ၾကံဳေတြ႔ျခင္းသည္ တိုင္းျပည္အတြက္ အလြန္ပင္နစ္နာလွသည္။ ထိုျဖစ္ရပ္ကို အစဥ္အမွတ္ရေနရန္ ဇူလိုင္ ၁၉ ရက္ေန႔ကို အာဇာနည္ေန႔အျဖစ္ သတ္မွတ္ခဲ႔ၾကသည္။
တံဆိပ္ေခါင္း ထုတ္ေ၀ျခင္း
ထို႔ေနာက္ တစ္ႏွစ္အၾကာ ၁၉၄၈ ခုႏွစ္ ဇူလိုင္ ၁၉ ရက္ေန႔တြင္ ျမန္မာ့စာတိုက္ႏွင့္ေၾကးနန္းဌာနမွ တံဆိပ္ေခါင္း တစ္ဆယ့္ ႏွစ္လံုးပါ တံဆိပ္ေခါင္းအစံုကို ထုတ္ေ၀ခဲ႔သည္။  အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္တကြ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား က်ဆံုးခဲ႔ၾကေသာ ေန႔ကို ျပန္လည္သတိရၾကေစရန္ ရည္ရြယ္၍ ထုတ္ေ၀ခဲ႔ျခင္း ျဖစ္သည္။ တံဆိပ္ေခါင္းမ်ားအားလံုးကို ဒီဇိုင္းတစ္ခုထဲျဖင့္ ထုတ္ေ၀ၿပီး အေရာင္ႏွင့္ တန္ဖိုးမ်ားမတူညီၾကေပ။  ဒီဇိုင္းပံုမွာ ျပည္ေထာင္စု ပါလီမန္ အေဆာက္အဦးပံုကို အလယ္တြင္ ထား၍ ျမန္မာမႈ ဒီဇိုင္းပံုမ်ားျဖင့္ အလွဆင္ထားသည္။  အေဆာက္အဦးေရွ႕ အလံတိုင္တြင္လည္း ျမန္မာနိုင္ငံေတာ္ အလံကို တိုင္တစ္၀က္ လႊင့္ထူထားသည္။  အေဆာက္အဦး ေအာက္ေျခ၌ ေခါင္းေဆာင္ႀကီးမ်ား  က်ဆံုးခဲ႔သည့္ေန႔ရက္ကို ေရးသားထားသည္။ ၁၃၀၉ ခုႏွစ္ ၀ါေခါင္လဆန္း ၂ ရက္ 19th JULY 1947 ဟူ၍ျဖစ္သည္။  ထို႔ျပင္ “ဗိမာန္နန္းျမင့္ ေပ်ာ္စံတင့္ လင့္ခါႏွစ္လည္ ေမ႔နိုင္ျပီ” ဟူေသာ စာခ်ိဳး ပါရွိသည္။
ျမန္မာနိုင္ငံေတာ္ ေျမပံုကို အေပၚဘက္ အလည္တည့္တည့္တြင္ ဆြဲသားထား၍ ထိုင္လ်က္ရွိေသာ ျခေသၤ႔ ႏွစ္ေကာင္ပံုႏွင့္ ေအာက္ဘက္တြင္ အလွဆင္ထားသည္။  ဒီဇိုင္းပံုမွာ အဓိပၸာယ္ ျပည့္စံုမွ်တ၍ ရႈခ်င္စဖြယ္ျဖစ္သည္။  အေပၚဘက္ လက္ယာ၊ လက္၀ဲေထာင့္မ်ားတြင္ တံဆိပ္ေခါင္းတန္ဖိုးကို ျမန္မာ၊ အဂၤလိပ္ ႏွစ္ဘာသာျဖင့္ ေရးသားထားၿပီး ေအာက္ဘက္တြင္မူ ျပည္ေထာင္စု ျမန္မာနိုင္ငံေတာ္ UNION OF BURMA ဟူ၍ ေဖၚျပပါရွိသည္။
တံဆိပ္ေခါင္းမ်ား၏ အရြယ္အစားမွာ အနံ ၄၃ မီလီမီတာ အလ်ား ၂၀ မီလီမီတာ ျဖစ္သည္။ 14 x 13½ perforation (ေခြးသြားစိပ္မ်ား) ျဖစ္ၿပီး၊ တန္ဖိုးမ်ားမွာ ၃ပိုင္ (အျပာေဖ်ာ့)၊ ၆ ပိုင္ (အစိမ္း)၊ ၉ ပိုင္ (အနီေဖ်ာ့)၊ ၁ ပဲ (ခရမ္း)၊ ၂ ပဲ (အျပာ)၊ ၃ ပဲ ၆ ပိုင္ (အစိမ္း)၊ ၄ ပဲ (အညို)၊ ၈ ပဲ (အနီ)၊ ၁၂ ပဲ (ခရမ္း)၊ ၁ ရူပီး (ျပာ-စိမ္း)၊ ၂ ရူပီး (အျပာ) ႏွင့္ ၅ ရူပီး (ခရမ္းညို) တို႔ျဖစ္သည္။  တံဆိပ္ေခါင္း တစ္ခ်ပ္လွ်င္ ၁၂၈ လံုးပါသည္၊  ထိုတံဆိပ္ေခါင္းမ်ား ျဖန္႔ေ၀ေရာင္းခ်မႈႏွင့္ အသံုးျပဳမႈကို ၁၉၅၀ ဇြန္ ၁၀ တြင္ ရပ္ဆိုင္းခဲ႔သည္။
အမွားအယြင္းမ်ား
တံဆိပ္ေခါင္း ဒီဇိုင္းေပၚ၌ သိသာေသာ အမွားအယြင္းမ်ား ပါရွိသည္။  ထုိအမွားအယြင္းမ်ားကို ၁၉၈၆ ခုႏွစ္တြင္ ဦးသိန္းေအာင္မွ ေလ့လာမွတ္တမ္းတင္၍ ဗမာ့ဥေဒါင္း ျမန္မာတံဆိပ္ေခါင္း ေလ့လာမႉ ဂ်ာနယ္တြင္ တင္ျပခဲ႔သည္။   အထက္တြင္ ေဖၚျပခဲ႔ေသာ တံဆိပ္ေခါင္း ဒီဇိုင္းပါ စာသားမ်ား၌ စာလံုးေပါင္း အမွားအယြင္းမ်ား၊ ျမန္မာအကၡရာတြင္ မရွိေသာ စာလံုးမ်ား ပါ၀င္လာသည္။ အမွားအယြင္း ၇ မ်ိဳးေတြ႕ရသည္။ ဆရာ ဦးသိန္းေအာင္၏ အဆိုအရ တံဆိပ္ေခါင္း ဒီဇိုင္းေရးဆြဲသူမွာ ျမန္မာလူမ်ိဳးျဖစ္ရာ မူလဒီဇိုင္းတြင္ မမွားယြင္းနိုင္ဟု ဆိုသည္။  သို႔ရာတြင္ တံဆိပ္ေခါင္းပံုႏွိပ္ရန္ ပလိတ္ျပား၌ စာလံုးေဖၚသူသည္ ျမန္မာလူမ်ိဳး မျဖစ္တန္ရာ။  ဒီဇိုင္းပံု၌ စာလံုးမ်ား အလြန္ေသးငယ္ေသာေၾကာင့္ တစ္ေၾကာင္း၊ ျမန္မာလူမ်ိဳး မဟုတ္ျခင္းေၾကာင့္ တစ္ေၾကာင္း အဆိုပါအမွားမ်ား ပါခဲ႔သည္ဟု ယူဆရပါသည္။  ဤတံဆိပ္ေခါင္းမ်ားကို အဂၤလန္နိုင္ငံ Thomas De La Rue & Co., Ltd ၌ Recess နည္းျဖင့္ပံုႏွိပ္ခဲ႔သည္။

ပထမေန႔ထုတ္စာအိတ္
ျမန္မာတံဆိပ္ေခါင္းေလာကတြင္ ထင္ရွားသူ N.K.D. Naigamwalla ၏ ပထမေန႔ထုတ္စာအိတ္ (First Day Cover) မွာ အဓိပၸာယ္ျပည့္စံုၿပီး ထင္ရွားသည္။  Naigamwalla သည္ ျမန္မာ တံဆိပ္ေခါင္း ေလာကအတြက္ ပထမေန႔ထုတ္ စာအိတ္မ်ားစြာ ထားခဲ႔နိုင္သည္။  ၄င္း၏ စာအိတ္၌ အာဇာနည္ေန႔ကို သရုပ္ေဖၚရာတြင္ အာဇာနည္ ႀကီးမ်ား၏ ဓါတ္ပံုမ်ား၊ ျမန္မာမႈကနုတ္္ ပန္းခ်ီမ်ား၊ တိုင္တစ္၀က္ လႊင့္ထူထားေသာ ျမန္မာနိုင္ငံအလံမ်ား၊ လြမ္းသူ႔ ပန္းေခြမ်ား ပါရွိသည္။  သို႔ရာတြင္ ဦးအုန္းေမာင္ႏွင့္ ရဲေဘာ္ကိုေထြးတို႔၏ ဓါတ္ပံုမ်ား မပါ၀င္ေခ်။  ထို႔ျပင္ အဂၤလိပ္ဘာသာျဖင့္ “ခ်စ္ေသာဗိုလ္ခ်ဳပ္ႏွင့္တကြ က်ဆံုးခဲ႔သူမ်ားအားလံုးသည္ ဗမာျပည္ႀကီး၏ ႏွလံုးသားထဲတြင္ ထာ၀စဥ္ ရွင္သန္ေနမည္ျဖစ္သည္” ဟု ေရးသားထားသည္။


ထပ္မံထုတ္ေ၀သင့္
ထိုတံဆိပ္ေခါင္း ထုတ္ေ၀မႈမွာ အာဇာနည္ေန႔ႏွင့္ ပတ္သက္၍ ပထမဆံုးႏွင့္ ေနာက္ဆံုးအႀကိမ္ ျဖစ္ေလသည္။  ၁၉၄၈ ခုႏွစ္ေနာက္ပိုင္း အာဇာနည္ေန႔ အထိမ္းအမွတ္ တံဆိပ္ေခါင္းထုတ္ေ၀ျခင္း မရွိေတာ့ပါ။  လြတ္လပ္ေရးကို အသက္ေပးရယူေပးခဲ႔သည့္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား၏ ေက်းဇူးတရားမ်ားကို ထာ၀စဥ္သတိရေနေစရန္၊ ထိုေက်းဇူးတရားမ်ားကို လူငယ္တို႔အမွတ္ရေနေစရန္ အာဇာနည္ေန႔ တံဆိပ္ေခါင္းမ်ား ျပန္လည္ထုတ္ေ၀သင့္ေပသည္။  ၂၀၁၇ ခုႏွစ္သည္ ႏွစ္ ၇၀ ျပည့္ အာဇာနည္ေန႔ျဖစ္ရာ တံဆိပ္ေခါင္းထုတ္ေ၀ရန္ အခ်ိန္ေကာင္းျဖစ္ေပသည္။   ျပန္လည္ ထုတ္ေ၀မည္ဆိုပါက အာဇာနည္ႀကီးမ်ား၏ ရုပ္ပံုလႊာမ်ား၊ ေရွးေဟာင္း သမိုင္း၀င္ လြတ္လပ္ေရးႀကိဳးပမ္းမႉ မွတ္တမ္း ဓါတ္ပံုမ်ား၊ အာဇာနည္ဗိမာန္ပံု၊ အတြင္း၀န္ရံုးပံုႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနအိမ္ျပတိုက္ စသည္ျဖင့္ အနွစ္သာရျပည့္၀ေသာ ပံုရိပ္မ်ားပါ၀င္သင့္ေပသည္။  ေက်ာင္းသားလူငယ္မ်ားအတြက္ အာဇာနည္ေန႔ အထိမ္းအမွတ္ ကေလးပန္းခ်ီၿပိဳင္ပြဲမ်ား က်င္းပၿပီး ဆုရပန္းခ်ီကားမ်ားကို တံဆိပ္ေခါင္းဒီဇိုင္းအျဖစ္ အသံုးျပဳလွ်င္လည္း သင့္တင့္ေလွ်ာက္ပတ္လွသည္။ ထိုသုိ႔ေသာ တံဆိပ္ေခါင္းမ်ား ျပန္လည္ထုတ္ေ၀နိုင္ပါက တံဆိပ္ေခါင္း ၀ါသနာရွင္မ်ားႏွင့္ ျပည္သူအမ်ား ေပ်ာ္မဆံုး ေမာ္မဆံုး ျဖစ္ၾကမည္မွာ ေသခ်ာလွေပသည္။

ရည္ညႊန္းကိုးကား
ေက်ာ္ျမင့္ေမာင္၊ ျမန္မာတံဆိပ္ေခါင္း ၀ါသနာရွင္လက္စြဲ၊ ၂၀၁၂ ခုႏွစ္။
Thein Aung, “Design error of the 1948 Martyr’s Memorial Issue”, The Burma Peacock, Vol 8, No 3, Fall 1986, p 48-50.


ဗိမာန်နန်းမြင့် ပျော်စံတင့် လင့်ခါနှစ်လည် မေ့နိုင်ပြီ <Unicode Version>
 ငှက်ခါး

အာဇာနည်နေ့
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာတစ်ပြည်လုံး ဝမ်းနည်းပူဆွေးသောက ရောက်ခဲ့ကြရသော နေ့တစ်နေ့ ဖြစ်ပေသည်။  ထိုနေ့ မနက် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းပြည်ခေါင်းဆောင်ကြီးများသည် မသမာသူ လူတစ်စု၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။  ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ မန်းဘခိုင်၊ ဦးဘဝင်း၊ အဗ္ဗဒူရာဇတ် (ဦးရာဇတ်)၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင် နှင့် ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းနေစဉ်ကာလအတွင်း ယခုလိုအဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ခြင်းသည် တိုင်းပြည်အတွက် အလွန်ပင်နစ်နာလှသည်။ ထိုဖြစ်ရပ်ကို အစဉ်အမှတ်ရနေရန် ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

တံဆိပ်ခေါင်း ထုတ်ဝေခြင်း
ထို့နောက် တစ်နှစ်အကြာ ၁၉၄၈ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် မြန်မာ့စာတိုက်နှင့်ကြေးနန်းဌာနမှ


တံဆိပ်ခေါင်း တစ်ဆယ့် နှစ်လုံးပါ တံဆိပ်ခေါင်းအစုံကို ထုတ်ဝေခဲ့သည်။  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြသော နေ့ကို ပြန်လည်သတိရကြစေရန် ရည်ရွယ်၍ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ တံဆိပ်ခေါင်းများအားလုံးကို ဒီဇိုင်းတစ်ခုထဲဖြင့် ထုတ်ဝေပြီး အရောင်နှင့် တန်ဖိုးများမတူညီကြပေ။  ဒီဇိုင်းပုံမှာ ပြည်ထောင်စု ပါလီမန် အဆောက်အဦးပုံကို အလယ်တွင် ထား၍ မြန်မာမှု ဒီဇိုင်းပုံများဖြင့် အလှဆင်ထားသည်။  အဆောက်အဦးရှေ့ အလံတိုင်တွင်လည်း မြန်မာနိုင်ငံတော် အလံကို တိုင်တစ်ဝက် လွှင့်ထူထားသည်။  အဆောက်အဦး အောက်ခြေ၌ ခေါင်းဆောင်ကြီးများ

 ကျဆုံးခဲ့သည့်နေ့ရက်ကို ရေးသားထားသည်။ ၁၃၀၉ ခုနှစ် ၀ါခေါင်လဆန်း ၂ ရက် 19th JULY 1947 ဟူ၍ဖြစ်သည်။  ထို့ပြင် “ဗိမာန်နန်းမြင့် ပျော်စံတင့် လင့်ခါနှစ်လည် မေ့နိုင်ပြီ” ဟူသော စာချိုး ပါရှိသည်။


မြန်မာနိုင်ငံတော် မြေပုံကို အပေါ်ဘက် အလည်တည့်တည့်တွင် ဆွဲသားထား၍ ထိုင်လျက်ရှိသော ခြင်္သေ့ နှစ်ကောင်ပုံနှင့် အောက်ဘက်တွင် အလှဆင်ထားသည်။  ဒီဇိုင်းပုံမှာ အဓိပ္ပာယ် ပြည့်စုံမျှတ၍ ရှုချင်စဖွယ်ဖြစ်သည်။  အပေါ်ဘက် လက်ယာ၊ လက်ဝဲထောင့်များတွင် တံဆိပ်ခေါင်းတန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားပြီး အောက်ဘက်တွင်မူ ပြည်ထောင်စု မြန်မာနိုင်ငံတော် UNION OF BURMA ဟူ၍ ဖေါ်ပြပါရှိသည်။
တံဆိပ်ခေါင်းများ၏ အရွယ်အစားမှာ အနံ ၄၃ မီလီမီတာ အလျား ၂၀ မီလီမီတာ ဖြစ်သည်။ 14 x 13½ perforation (ခွေးသွားစိပ်များ) ဖြစ်ပြီး၊ တန်ဖိုးများမှာ ၃ပိုင် (အပြာဖျော့)၊ ၆ ပိုင် (အစိမ်း)၊ ၉ ပိုင် (အနီဖျော့)၊ ၁ ပဲ (ခရမ်း)၊ ၂ ပဲ (အပြာ)၊ ၃ ပဲ ၆ ပိုင် (အစိမ်း)၊ ၄ ပဲ (အညို)၊ ၈ ပဲ (အနီ)၊ ၁၂ ပဲ (ခရမ်း)၊ ၁ ရူပီး (ပြာ-စိမ်း)၊ ၂ ရူပီး (အပြာ) နှင့် ၅ ရူပီး (ခရမ်းညို) တို့ဖြစ်သည်။  တံဆိပ်ခေါင်း တစ်ချပ်လျှင် ၁၂၈ လုံးပါသည်၊  ထိုတံဆိပ်ခေါင်းများ ဖြန့်ဝေရောင်းချမှုနှင့် အသုံးပြုမှုကို ၁၉၅၀ ဇွန် ၁၀ တွင် ရပ်ဆိုင်းခဲ့သည်။

အမှားအယွင်းများ
တံဆိပ်ခေါင်း ဒီဇိုင်းပေါ်၌ သိသာသော အမှားအယွင်းများ ပါရှိသည်။  ထိုအမှားအယွင်းများကို ၁၉၈၆ ခုနှစ်တွင် ဦးသိန်းအောင်မှ လေ့လာမှတ်တမ်းတင်၍ ဗမာ့ဥဒေါင်း မြန်မာတံဆိပ်ခေါင်း လေ့လာမှူ ဂျာနယ်တွင် တင်ပြခဲ့သည်။   အထက်တွင် ဖေါ်ပြခဲ့သော တံဆိပ်ခေါင်း ဒီဇိုင်းပါ စာသားများ၌ စာလုံးပေါင်း အမှားအယွင်းများ၊ မြန်မာအက္ခရာတွင် မရှိသော စာလုံးများ ပါဝင်လာသည်။ အမှားအယွင်း ၇ မျိုးတွေ့ရသည်။ ဆရာ ဦးသိန်းအောင်၏ အဆိုအရ တံဆိပ်ခေါင်း ဒီဇိုင်းရေးဆွဲသူမှာ မြန်မာလူမျိုးဖြစ်ရာ မူလဒီဇိုင်းတွင် မမှားယွင်းနိုင်ဟု ဆိုသည်။  သို့ရာတွင် တံဆိပ်ခေါင်းပုံနှိပ်ရန် ပလိတ်ပြား၌ စာလုံးဖေါ်သူသည် မြန်မာလူမျိုး မဖြစ်တန်ရာ။  ဒီဇိုင်းပုံ၌ စာလုံးများ အလွန်သေးငယ်သောကြောင့် တစ်ကြောင်း၊ မြန်မာလူမျိုး မဟုတ်ခြင်းကြောင့် တစ်ကြောင်း အဆိုပါအမှားများ ပါခဲ့သည်ဟု ယူဆရပါသည်။  ဤတံဆိပ်ခေါင်းများကို အင်္ဂလန်နိုင်ငံ Thomas De La Rue & Co., Ltd ၌ Recess နည်းဖြင့်ပုံနှိပ်ခဲ့သည်။

ပထမနေ့ထုတ်စာအိတ်
မြန်မာတံဆိပ်ခေါင်းလောကတွင် ထင်ရှားသူ N.K.D. Naigamwalla ၏ ပထမနေ့ထုတ်စာအိတ် (First Day Cover) မှာ အဓိပ္ပာယ်ပြည့်စုံပြီး ထင်ရှားသည်။  Naigamwalla သည် မြန်မာ တံဆိပ်ခေါင်း လောကအတွက် ပထမနေ့ထုတ် စာအိတ်များစွာ ထားခဲ့နိုင်သည်။  ၄င်း၏ စာအိတ်၌ အာဇာနည်နေ့ကို သရုပ်ဖေါ်ရာတွင် အာဇာနည် ကြီးများ၏ ဓါတ်ပုံများ၊ မြန်မာမှုကနုတ်် ပန်းချီများ၊ တိုင်တစ်ဝက် လွှင့်ထူထားသော မြန်မာနိုင်ငံအလံများ၊ လွမ်းသူ့ ပန်းခွေများ ပါရှိသည်။  သို့ရာတွင် ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ ဓါတ်ပုံများ မပါဝင်ချေ။  ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် “ချစ်သောဗိုလ်ချုပ်နှင့်တကွ ကျဆုံးခဲ့သူများအားလုံးသည် ဗမာပြည်ကြီး၏ နှလုံးသားထဲတွင် ထာဝစဉ် ရှင်သန်နေမည်ဖြစ်သည်” ဟု ရေးသားထားသည်။


ထပ်မံထုတ်ဝေသင့်
ထိုတံဆိပ်ခေါင်း ထုတ်ဝေမှုမှာ အာဇာနည်နေ့နှင့် ပတ်သက်၍ ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ဖြစ်လေသည်။  ၁၉၄၈ ခုနှစ်နောက်ပိုင်း အာဇာနည်နေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းထုတ်ဝေခြင်း မရှိတော့ပါ။  လွတ်လပ်ရေးကို အသက်ပေးရယူပေးခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို ထာဝစဉ်သတိရနေစေရန်၊ ထိုကျေးဇူးတရားများကို လူငယ်တို့အမှတ်ရနေစေရန် အာဇာနည်နေ့ တံဆိပ်ခေါင်းများ ပြန်လည်ထုတ်ဝေသင့်ပေသည်။  ၂၀၁၇ ခုနှစ်သည် နှစ် ၇၀ ပြည့် အာဇာနည်နေ့ဖြစ်ရာ တံဆိပ်ခေါင်းထုတ်ဝေရန် အချိန်ကောင်းဖြစ်ပေသည်။   ပြန်လည် ထုတ်ဝေမည်ဆိုပါက အာဇာနည်ကြီးများ၏ ရုပ်ပုံလွှာများ၊ ရှေးဟောင်း သမိုင်းဝင် လွတ်လပ်ရေးကြိုးပမ်းမှူ မှတ်တမ်း ဓါတ်ပုံများ၊ အာဇာနည်ဗိမာန်ပုံ၊ အတွင်းဝန်ရုံးပုံနှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် စသည်ဖြင့် အနှစ်သာရပြည့်ဝသော ပုံရိပ်များပါဝင်သင့်ပေသည်။  ကျောင်းသားလူငယ်များအတွက် အာဇာနည်နေ့ အထိမ်းအမှတ် ကလေးပန်းချီပြိုင်ပွဲများ ကျင်းပပြီး ဆုရပန်းချီကားများကို တံဆိပ်ခေါင်းဒီဇိုင်းအဖြစ် အသုံးပြုလျှင်လည်း သင့်တင့်လျှောက်ပတ်လှသည်။ ထိုသို့သော တံဆိပ်ခေါင်းများ ပြန်လည်ထုတ်ဝေနိုင်ပါက တံဆိပ်ခေါင်း ၀ါသနာရှင်များနှင့် ပြည်သူအများ ပျော်မဆုံး မော်မဆုံး ဖြစ်ကြမည်မှာ သေချာလှပေသည်။

ရည်ညွှန်းကိုးကား

ကျော်မြင့်မောင်၊ မြန်မာတံဆိပ်ခေါင်း ၀ါသနာရှင်လက်စွဲ၊ ၂၀၁၂ ခုနှစ်။
Thein Aung, “Design error of the 1948 Martyr’s Memorial Issue”, The Burma Peacock, Vol 8, No 3, Fall 1986, p 48-50.