Showing posts with label Shwe Dagon. Show all posts
Showing posts with label Shwe Dagon. Show all posts

Tuesday, 26 July 2016

နိုင်ငံတကာ တံဆိပ်ခေါင်းများပေါ်က မြန်မာ (၂) : ရွှေတိဂုံ စေတီတော်

နိုင္ငံတကာ တံဆိပ္ေခါင္းမ်ားေပၚက ျမန္မာ (၂) : ေရႊတိဂံု ေစတီေတာ္ <Zawgyi Version>
ေရႊတိဂံုေစတီေတာ္ျမတ္ၾကီး သည္ ျမန္မာလူမ်ိဳးတို႔၏ အထြတ္အျမတ္ထားရာ ေစတီေတာ္ၾကီး ျဖစ္သည့္အျပင္ ျမန္မာနိုင္ငံ၏ အထင္ရွားဆံုး ေစတီေတာ္ၾကီးလည္း ျဖစ္ပါသည္။  ျမန္မာလူမ်ိဳးတို႔ကသာမက ကမာၻကပါ အျမတ္တနိုး တန္ဘိုးထား ထိန္းသိမ္း ေစာင့္ေရွာက္ၾကသည္။  လာေရာက္လည္ပတ္ကာ ၾကည့္ရႉ ေလ့လာၾကသည္။  ျမန္မာနိုင္ငံမွ ၁၉၅၆ ခုႏွစ္တြင္ ပထမဆံုးအၾကိမ္အျဖစ္ ေရႊတိဂံုေစတီေတာ္ၾကီး၏ ပံုေတာ္ကို တံဆိပ္ေခါင္းတြင္ ရိုက္ႏွိပ္ထုတ္ေ၀ခဲ႔သည္။  ၁၉၅၆ မွ ယခုအခ်ိန္ (၂၀၁၅ ဇန္န၀ါရီ) အထိ ေရႊတိဂံုေစတီ အေၾကာင္းအရာ ပါရွိေသာ ျမန္မာနိုင္ငံမွ ထုတ္ေ၀သည့္ တံဆိပ္ေခါင္း ၅ မ်ိဳးရွိပါသည္။  ထိုတံဆိပ္ေခါင္းမ်ား၏ အေၾကာင္းအရာမ်ားကို ဇယားျဖင့္ေဖၚျပလိုပါသည္။


စဥ္
ေန႔စြဲ
တန္ဘိုး
မွတ္ခ်က္
၂၄ ေမ ၁၉၅၆
၆၀ ျပား
ဗုဒၶသာသနာ ႏွစ္ ၂၅၀၀ ျပည့္ အထိမ္းအမွတ္ထုတ္ေ၀ျခင္း၊ ၄လံုးအစံုမွ။  ေရႊတိဂံုေစတီေတာ္ကို ေကာင္းကင္ယံမွ ျမင္ရပံု။
၂၃ နို၀င္ဘာ ၁၉၇၀
၂၅ ျပား
အမ်ိဳးသားေန႔ ေရႊရတုသဘင္ အထိမ္းအမွတ္ ထုတ္ေ၀ျခင္း။ အဂၤလိပ္အစိုးရ၏ ၁၉၂၀ တကၠသိုလ္မ်ား အက္ဥပေဒ ကို သပိတ္ေမွာက္ၾကေသာ ေက်ာင္းသားမ်ား ေဒါင္းအလံမ်ားကိုင္ေဆာင္ ေရႊတိဂံုသပိတ္စခန္းသို႔ ခ်ီတက္လာပံု။ 
၂၇ ေမ ၁၉၉၀
၁ က်ပ္
နိုင္ငံေတာ္ျငိမ္၀ပ္ပိျပားမႉတည္ေဆာက္ေရးအဖဲြ႔ အထိမ္းအမွတ္ ထုတ္ေ၀ျခင္း။
ရန္ကုန္တိုင္း လႊတ္ေတာ္အေဆာက္အဦး ေနရာ (ရန္ကုန္ - ျပည္လမ္း) မွ ျမင္ရပံု။
၂၇ မတ္ ၁၉၉၅
၅၀ ျပား
တပ္မေတာ္ေန႔ ေရႊရတု အထိမ္းအမွတ္ ထုတ္ေ၀ျခင္း။  ေရႊတိဂံုေစတီေတာ္ကို အေ၀းမွျမင္ရပံု။
၄ ဇန္န၀ါရီ ၂၀၁၅
၂၀၀ က်ပ္
၆၇ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ထုတ္ေ၀ျခင္း၊ ၃လံုးအစံုမွ။  ေရႊတိဂံုေစတီေတာ္ကို ေကာင္းကင္ယံမွ ျမင္ရပံု။


ျမန္မာနိုင္ငံမွသာမက အျခား ၄ နိုင္ငံမွလည္း ေရႊတိဂံုပံုေတာ္ႏွင့္ ဆက္စပ္ အေၾကာင္းအရာပါ တံဆိပ္ေခါင္းမ်ား ထုတ္ေ၀ခဲ႔ဘူးပါသည္။  ၁၉၉၄ ခုႏွစ္ ဇူလိုင္လ ၁၁ ရက္ေန႔တြင္ Maldives ကြ်န္းစုနိုင္ငံမွ “အိမ္ေမြးေၾကာင္မ်ား” ဟု အမည္ေပးထားသည့္ တံဆိပ္ေခါင္းအစံု ထုတ္ေ၀ခဲ႔သည္။ ထင္ရွားသည့္ ျမန္မာ့ေၾကာင္ (Burmese Cat) ပံုႏွင့္ ေရႊတိဂံုေစတီေတာ္ၾကီးပံုေတာ္ ကို Souvenir Sheet အျဖစ္ထုတ္ေ၀ထားသည္။  25r (Rufiyaa) တန္ဘိုး ရိုက္ႏွိပ္ထားသည္။   အလားတူ ျမန္မာ့ေၾကာင္ႏွင့္ ေရႊတိဂံု ေစတီေတာ္ အေၾကာင္းအရာ ေပါင္းစပ္ထားေသာ တံဆိပ္ေခါင္း တစ္မ်ိဳးရွိပါေသးသည္။  Uganda နိုင္ငံမွ ၁၉၉၄ခုႏွစ္ ဇူလိုင္လ ၂၂ ရက္ေန႔တြင္ ထုတ္ေ၀သည့္ “ေၾကာင္မ်ိဳးမ်ားႏွင့္ နိုင္ငံတကာမွ သမိုင္း၀င္ ထင္ရွားေသာ အေဆာက္အဦးမ်ား” အမည္ရွိ တံဆိပ္ေခါင္း အစံုတြင္ ပါ၀င္ေသာ တံဆိပ္ေခါင္း တစ္လံုးတြင္ ျမန္မာ့ေၾကာင္ကို ေဖၚျပထားသည္။  ေရႊတိဂံု ေစတီေတာ္ၾကီး ရုပ္ပံုမပါရွိေသာ္လည္း ေစတီေတာ္ၾကီး ေစာင္းတန္းမုခ္ဦးရွိ ျခေသၤ့ၾကီးပံုႏွင့္  “Shwe Dagon Pagoda, Burma” ဟုေရးသား ေဖၚျပထားသည္။  တန္ဘိုးမွာ 1000sh (Shilling) ျဖစ္သည္။  ေတာင္အေမရိကတိုက္ရွိ Suriname နိုင္ငံမွ ၁၉၉၈ ခု ဇြန္လ ၄ ရက္ေန႔တြင္ ဘုရားေက်ာင္းမ်ား အမည္ရ တံဆိပ္ေခါင္းအစံု ကိုထုတ္ေ၀ခဲ႔သည္။  ေရႊတိဂံုေစတီေတာ္ၾကီးပံုေတာ္ ကို 75f (Florin) တန္ဘိုးရွိ တံဆိပ္ေခါင္းတြင္ေတြ႔ျမင္ရသည္။  ထိုတံဆိပ္ေခါင္း အစံုထဲတြင္ အျခား ထင္ရွားေသာ ဘာသာေရးဆိုင္ရာ၊ ဘုရားေက်ာင္းမ်ားျဖစ္သည့္ အင္ဒိုနီးရွားနိုင္ငံမွ ေဗာေရာဗုဒုဘုရားေက်ာင္း၊ တရုတ္နိုင္ငံ ပီကင္းၿမိဳ႕မွ ေကာင္းကင္ဘံု ဘုရားေက်ာင္း၊ ထိုင္းနိုင္ငံမွ ျမဘုရားေက်ာင္းေတာ္၊ နိေပါနိုင္ငံမွ ေမ်ာက္ဘုရားေက်ာင္း၊ သီရိလကၤာနိုင္ငံမွ စြယ္ေတာ္ဘုရားေက်ာင္း တို႔ကို ရိုက္ႏွိပ္ထုတ္ေ၀ထားသည္။




(ASEAN-Japan Exchange Year) အျဖစ္သတ္မွတ္ခဲ႔သည္။ အာဆီယံနိုင္ငံမ်ား ႏွင့္ ဂ်ပန္နိုင္ငံတို႔ ခ်စ္ၾကည္ေရးခိုင္ျမဲေစရန္၊ အခ်င္းခ်င္း ယံုၾကည္မႉတိုးတက္ေစရန္၊ ပူးေပါင္းေဆာင္ရြက္မႉမ်ားႏွင့္ အနုပညာ၊ ပညာေရး စသည္လုပ္ငန္းရပ္မ်ား ဖလွယ္နိုင္ရန္ ဂ်ပန္ႏွင့္ အာဆီယံေခါင္းေဆာင္မ်ား သတ္မွတ္ခဲ႔ၾကျခင္းျဖစ္သည္။  ထုိသတ္မွတ္မႉကို ဂုဏ္ျပဳ၍ ဂ်ပန္နိုင္ငံမွ ၂၀၀၃ ခုႏွစ္ ဇြန္လ ၁၆ ရက္ေန႔တြင္ တံဆိပ္ေခါင္း ၁၀ လံုးကိုထုတ္ေ၀ခဲ႔သည္။  အာဆီယံနိုင္ငံ တစ္ခုခ်င္းစီ၏ ထင္ရွားေသာ ေနရာမ်ား၊ အေဆာက္အဦးမ်ားကိုေဖၚျပထားရာ ေရႊတိဂံု ေစတီေတာ္ၾကီး၏ပံုလည္း ပါ၀င္ခဲ႔သည္။  တန္ဘိုးမွာ 80y (Yen) ျဖစ္သည္။

ထုတ္ေ၀ေရာင္းခ်သည့္ အဆင့္မေရာက္ခဲ႔ေသာ္လည္း ဒီဇိုင္းအဆင့္ေရာက္ခဲ႔သည့္ တံဆိပ္ေခါင္းဒီဇိုင္း အခ်ိဳ႕ကိုလည္းေဖၚျပလိုပါသည္။  ၁၉၃၆ ခုႏွစ္ ရန္ကုန္ေဂဇက္ တံဆိပ္ေခါင္းဒီဇိုင္းျပိဳင္ပဲြ အေကာင္းဆံုး တံဆိပ္ေခါင္းအစံုဆုရ အစံုမွ ေရႊတိဂံုေစတီေတာ္ ပံုပါ တံဆိပ္ေခါင္းဒီဇိုင္း [1] (1A3p တန္ဘိုးပါ အျဖဴအမဲဒီဇိုင္း) ႏွင့္ ဂ်ပန္နိုင္ငံ တိုက်ိဳျမိဳ႕ ေတာ့ပန္ ပံုႏွိပ္လုပ္ငန္းကုမၸဏီမွ ေရႊတိဂံုပံုေတာ္ပါ အက္ေဆးဒီဇိုင္းမ်ား [2] မွ 3As တန္ဘိုးပါ အနီေရာင္ႏွင့္ အျပာရင့္ေရာင္ ဒီဇိုင္းမ်ား(၁၉၄၂) ကို ေဖၚျပထားပါသည္။  ထိုဒီဇိုင္းအက္ေဆးမ်ား အေၾကာင္းကို ကိုးကားထားေသာ ေဆာင္းပါးမ်ား [1][2] ႏွင့္ ဆရာဦးေက်ာ္ျမင့္ေမာင္၏ တံဆိပ္ေခါင္းမ်ားေပၚက ဗုဒၶသာသနာစာအုပ္ [3] တြင္ ေလ့လာနိုင္ပါသည္။



ျမန္မာနုိင္ငံမွ ထုတ္ေ၀ေသာ ေရႊတိဂံုပံုေတာ္ပါ တံဆိပ္ေခါင္း ၅ မ်ိဳးရွိသည္ဆိုေသာ္ျငားလည္း အေရအတြက္အားျဖင့္ နည္းပါးေသးသည္ဟု ျမင္မိပါသည္။  တံဆိပ္ေခါင္းစုေဆာင္းသူတစ္ဦး အေနျဖင့္ေသာ္လည္းေကာင္း၊ ျမန္မာလူမ်ိဳး တစ္ေယာက္အေနျဖင့္ေသာ္လည္းေကာင္း ေရႊတိဂံုေစတီေတာ္ၾကီး ပတ္၀န္းက်င္ရူခင္းမ်ား၊ ေရႊတိဂံုေစတီေတာ္ၾကီးရင္ျပင္ေတာ္ရွိ ျမန္မာ့ယဥ္ေက်းမႉအႏုလက္ရာမ်ား၊ ေခါင္းေလာင္းၾကီးမ်ား၊ ေရွးလက္ရာ ဇာတ္ေတာ္ပန္းခ်ီကားမ်ားႏွင့္ ဗုဒၶ၀င္ပန္းခ်ီကားမ်ား ေခတ္အဆက္ဆက္ ေရႊတိဂံုေစတီေတာ္ၾကီး၏ ဓါတ္ပံုမ်ား စသည္တို႔ကို တံဆိပ္ေခါင္းမ်ားအျဖစ္ ထုတ္ေ၀ေစလိုပါသည္။ 


ကိုးကား
[1] Russell Viner, Richard Warren, "George Albert Hawley and the 1936 Rangoon Gazette Competition", The Burma Fantail, Vol. 2, No. 2, Whole Number 4, April 2005, pp. 18-21.
[2] Dr Kyaw Win, David Sher, Richard Warren, "The Toppan Essays", The Burma Fantail, Vol. 11, No. 4, Whole Number 42, October 2014, pp. 59-61.
[3] ေက်ာ္ျမင့္ေမာင္၊ “တံဆိပ္ေခါင္းမ်ားေပၚက ဗုဒၶသာသနာ”၊ ထိပ္တန္းစာေပ၊ ရန္ကုန္ၿမိဳ႕၊ ဒီဇင္ဘာ ၂၀၁၄။

------------------------------------------------------------------------------------------------------------------------------------------------
နိုင်ငံတကာ တံဆိပ်ခေါင်းများပေါ်က မြန်မာ (၂) : ရွှေတိဂုံ စေတီတော် <Unicode Version>

ရွှေတိဂုံစေတီတော်မြတ်ကြီး သည် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ စေတီတော်ကြီး ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စေတီတော်ကြီးလည်း ဖြစ်ပါသည်။  မြန်မာလူမျိုးတို့ကသာမက ကမ္ဘာကပါ အမြတ်တနိုး တန်ဘိုးထား ထိန်းသိမ်း စောင့်ရှောက်ကြသည်။  လာရောက်လည်ပတ်ကာ ကြည့်ရှူ လေ့လာကြသည်။  မြန်မာနိုင်ငံမှ ၁၉၅၆ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ရွှေတိဂုံစေတီတော်ကြီး၏ ပုံတော်ကို တံဆိပ်ခေါင်းတွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။  ၁၉၅၆ မှ ယခုအချိန် (၂၀၁၅ ဇန်နဝါရီ) အထိ ရွှေတိဂုံစေတီ အကြောင်းအရာ ပါရှိသော မြန်မာနိုင်ငံမှ ထုတ်ဝေသည့် တံဆိပ်ခေါင်း ၅ မျိုးရှိပါသည်။  ထိုတံဆိပ်ခေါင်းများ၏ အကြောင်းအရာများကို ဇယားဖြင့်ဖေါ်ပြလိုပါသည်။


စဉ်
နေ့စွဲ
တန်ဘိုး
မှတ်ချက်
၂၄ မေ ၁၉၅၆
၆၀ ပြား
ဗုဒ္ဓသာသနာ နှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ်ထုတ်ဝေခြင်း၊ ၄လုံးအစုံမှ။  ရွှေတိဂုံစေတီတော်ကို ကောင်းကင်ယံမှ မြင်ရပုံ။
၂၃ နိုဝင်ဘာ ၁၉၇၀
၂၅ ပြား
အမျိုးသားနေ့ ရွှေရတုသဘင် အထိမ်းအမှတ် ထုတ်ဝေခြင်း။ အင်္ဂလိပ်အစိုးရ၏ ၁၉၂၀ တက္ကသိုလ်များ အက်ဥပဒေ ကို သပိတ်မှောက်ကြသော ကျောင်းသားများ ဒေါင်းအလံများကိုင်ဆောင်၍ ရွှေတိဂုံသပိတ်စခန်းသို့ ချီတက်လာပုံ။
၂၇ မေ ၁၉၉၀
၁ ကျပ်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှူတည်ဆောက်ရေးအဖွဲ့ အထိမ်းအမှတ် ထုတ်ဝေခြင်း။
ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦး နေရာ (ရန်ကုန် - ပြည်လမ်း) မှ မြင်ရပုံ။
၂၇ မတ် ၁၉၉၅
၅၀ ပြား
တပ်မတော်နေ့ ရွှေရတု အထိမ်းအမှတ် ထုတ်ဝေခြင်း။  ရွှေတိဂုံစေတီတော်ကို အဝေးမှမြင်ရပုံ။
၄ ဇန်နဝါရီ ၂၀၁၅
၂၀၀ ကျပ်
၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေခြင်း၊ ၃လုံးအစုံမှ။  ရွှေတိဂုံစေတီတော်ကို ကောင်းကင်ယံမှ မြင်ရပုံ။
 
မြန်မာနိုင်ငံမှသာမက အခြား ၄ နိုင်ငံမှလည်း ရွှေတိဂုံပုံတော်နှင့် ဆက်စပ် အကြောင်းအရာပါ တံဆိပ်ခေါင်းများ ထုတ်ဝေခဲ့ဘူးပါသည်။  ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် Maldives ကျွန်းစုနိုင်ငံမှ “အိမ်မွေးကြောင်များ” ဟု အမည်ပေးထားသည့် တံဆိပ်ခေါင်းအစုံ ထုတ်ဝေခဲ့သည်။ ထင်ရှားသည့် မြန်မာ့ကြောင် (Burmese Cat) ပုံနှင့် ရွှေတိဂုံစေတီတော်ကြီးပုံတော် ကို Souvenir Sheet အဖြစ်ထုတ်ဝေထားသည်။  25r (Rufiyaa) တန်ဘိုး ရိုက်နှိပ်ထားသည်။   အလားတူ မြန်မာ့ကြောင်နှင့် ရွှေတိဂုံ စေတီတော် အကြောင်းအရာ ပေါင်းစပ်ထားသော တံဆိပ်ခေါင်း တစ်မျိုးရှိပါသေးသည်။  Uganda နိုင်ငံမှ ၁၉၉၄ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ဝေသည့် “ကြောင်မျိုးများနှင့် နိုင်ငံတကာမှ သမိုင်းဝင် ထင်ရှားသော အဆောက်အဦးများ” အမည်ရှိ တံဆိပ်ခေါင်း အစုံတွင် ပါ၀င်သော တံဆိပ်ခေါင်း တစ်လုံးတွင် မြန်မာ့ကြောင်ကို ဖေါ်ပြထားသည်။  ရွှေတိဂုံ စေတီတော်ကြီး ရုပ်ပုံမပါရှိသော်လည်း စေတီတော်ကြီး စောင်းတန်းမုခ်ဦးရှိ ခြင်္သေ့ကြီးပုံနှင့်  “Shwe Dagon Pagoda, Burma” ဟုရေးသား ဖေါ်ပြထားသည်။  တန်ဘိုးမှာ 1000sh (Shilling) ဖြစ်သည်။  တောင်အမေရိကတိုက်ရှိ Suriname နိုင်ငံမှ ၁၉၉၈ ခု ဇွန်လ ၄ ရက်နေ့တွင် ဘုရားကျောင်းများ အမည်ရ တံဆိပ်ခေါင်းအစုံ ကိုထုတ်ဝေခဲ့သည်။  ရွှေတိဂုံစေတီတော်ကြီးပုံတော် ကို 75f (Florin) တန်ဘိုးရှိ တံဆိပ်ခေါင်းတွင်တွေ့မြင်ရသည်။  ထိုတံဆိပ်ခေါင်း အစုံထဲတွင် အခြား ထင်ရှားသော ဘာသာရေးဆိုင်ရာ၊ ဘုရားကျောင်းများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ဗောရောဗုဒုဘုရားကျောင်း၊ တရုတ်နိုင်ငံ ပီကင်းမြို့မှ ကောင်းကင်ဘုံ ဘုရားကျောင်း၊ ထိုင်းနိုင်ငံမှ မြဘုရားကျောင်းတော်၊ နိပေါနိုင်ငံမှ မျောက်ဘုရားကျောင်း၊ သီရိလင်္ကာနိုင်ငံမှ စွယ်တော်ဘုရားကျောင်း တို့ကို ရိုက်နှိပ်ထုတ်ဝေထားသည်။



(ASEAN-Japan Exchange Year) အဖြစ်သတ်မှတ်ခဲ့သည်။ အာဆီယံနိုင်ငံများ နှင့် ဂျပန်နိုင်ငံတို့ ချစ်ကြည်ရေးခိုင်မြဲစေရန်၊ အချင်းချင်း ယုံကြည်မှူတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်မှူများနှင့် အနုပညာ၊ ပညာရေး စသည်လုပ်ငန်းရပ်များ ဖလှယ်နိုင်ရန် ဂျပန်နှင့် အာဆီယံခေါင်းဆောင်များ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။  ထိုသတ်မှတ်မှူကို ဂုဏ်ပြု၍ ဂျပန်နိုင်ငံမှ ၂၀၀၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် တံဆိပ်ခေါင်း ၁၀ လုံးကိုထုတ်ဝေခဲ့သည်။  အာဆီယံနိုင်ငံ တစ်ခုချင်းစီ၏ ထင်ရှားသော နေရာများ၊ အဆောက်အဦးများကိုဖေါ်ပြထားရာ ရွှေတိဂုံ စေတီတော်ကြီး၏ပုံလည်း ပါ၀င်ခဲ့သည်။  တန်ဘိုးမှာ 80y (Yen) ဖြစ်သည်။

ထုတ်ဝေရောင်းချသည့် အဆင့်မရောက်ခဲ့သော်လည်း ဒီဇိုင်းအဆင့်ရောက်ခဲ့သည့် တံဆိပ်ခေါင်းဒီဇိုင်း အချို့ကိုလည်းဖေါ်ပြလိုပါသည်။  ၁၉၃၆ ခုနှစ် ရန်ကုန်ဂေဇက် တံဆိပ်ခေါင်းဒီဇိုင်းပြိုင်ပွဲ အကောင်းဆုံး တံဆိပ်ခေါင်းအစုံဆုရ အစုံမှ ရွှေတိဂုံစေတီတော် ပုံပါ တံဆိပ်ခေါင်းဒီဇိုင်း [1] (1A3p တန်ဘိုးပါ အဖြူအမဲဒီဇိုင်း) နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့ တော့ပန် ပုံနှိပ်လုပ်ငန်းကုမ္ပဏီမှ ရွှေတိဂုံပုံတော်ပါ အက်ဆေးဒီဇိုင်းများ [2] မှ 3As တန်ဘိုးပါ အနီရောင်နှင့် အပြာရင့်ရောင် ဒီဇိုင်းများ(၁၉၄၂) ကို ဖေါ်ပြထားပါသည်။  ထိုဒီဇိုင်းအက်ဆေးများ အကြောင်းကို ကိုးကားထားသော ဆောင်းပါးများ [1][2] နှင့် ဆရာဦးကျော်မြင့်မောင်၏ တံဆိပ်ခေါင်းများပေါ်က ဗုဒ္ဓသာသနာစာအုပ် [3] တွင် လေ့လာနိုင်ပါသည်။




မြန်မာနိုင်ငံမှ ထုတ်ဝေသော ရွှေတိဂုံပုံတော်ပါ တံဆိပ်ခေါင်း ၅ မျိုးရှိသည်ဆိုသော်ငြားလည်း အရေအတွက်အားဖြင့် နည်းပါးသေးသည်ဟု မြင်မိပါသည်။  တံဆိပ်ခေါင်းစုဆောင်းသူတစ်ဦး အနေဖြင့်သော်လည်းကောင်း၊ မြန်မာလူမျိုး တစ်ယောက်အနေဖြင့်သော်လည်းကောင်း ရွှေတိဂုံစေတီတော်ကြီး ပတ်ဝန်းကျင်ရူခင်းများ၊ ရွှေတိဂုံစေတီတော်ကြီးရင်ပြင်တော်ရှိ မြန်မာ့ယဉ်ကျေးမှူအနုလက်ရာများ၊ ခေါင်းလောင်းကြီးများ၊ ရှေးလက်ရာ ဇာတ်တော်ပန်းချီကားများနှင့် ဗုဒ္ဓဝင်ပန်းချီကားများ ခေတ်အဆက်ဆက် ရွှေတိဂုံစေတီတော်ကြီး၏ ဓါတ်ပုံများ စသည်တို့ကို တံဆိပ်ခေါင်းများအဖြစ် ထုတ်ဝေစေလိုပါသည်။


ကိုးကား
[1] Russell Viner, Richard Warren, "George Albert Hawley and the 1936 Rangoon Gazette Competition", The Burma Fantail, Vol. 2, No. 2, Whole Number 4, April 2005, pp. 18-21.
[2] Dr Kyaw Win, David Sher, Richard Warren, "The Toppan Essays", The Burma Fantail, Vol. 11, No. 4, Whole Number 42, October 2014, pp. 59-61.
[3] ကျော်မြင့်မောင်၊ “တံဆိပ်ခေါင်းများပေါ်က ဗုဒ္ဓသာသနာ”၊ ထိပ်တန်းစာပေ၊ ရန်ကုန်မြို့၊ ဒီဇင်ဘာ ၂၀၁၄။

Tuesday, 5 January 2016

Stamps issued to commemorate 68th Anniversary of Independence Day

Myanma Posts and Telecommunications released the new stamps set to commemorate 68th anniversary of independence day of Myanmar on 4th January 2016.  The stamps set contains two 100K stamps and one 200K stamp.  The design elements includes night scene of Yangon downtown with Sule pagoda,  sunset scene of Yangon with Shwedagon pagoda, and the view of signing ceremony of national ceasefire agreement (signed on 2015 October 15 in Naypyitaw) with the president's portrait displayed on the projector.

Stamps design
Public Announcements (New Light of Myanmar, Myanmar Alin, Kyay Mon)
Technical Details of Stamps
Designer : Ze Yar Lin
Printer : Security Printing Works (Myanmar)
Stamp Size and Format : 21 mm x 30 mm (Vertical)
Color : 4
Perforation : 14
Denomination : 200K (one design) & 100K (two designs)
Sheet Composition :  100 Stamps per Sheet
Printing Process : Offset
Quantity : 500,000 pcs each

Myanmar Post issued three types of official First Day Covers with different cachet, three types of postcards, each design duplicates the design of the stamps.

FDC by Stamps Myanmar
FDC by Myanmar Philatelic Society

Saturday, 7 February 2015

Stamps issued to commemorate 67th Anniversary of Independence Day

Myanma Posts and Telecommunications released the new stamps set to commemorate 67th anniversary of independence day of Myanmar on 4th January 2015.  The set contails one 200 kyats value and two 100 kyats values.  200k stamp features the birds eye view of Shwe Dagon Pagoda.  100k designs depicts scenery view of Bagan (an ancient city) and U Bein Bridge (1.2 km long wooden bridge).  State news media announced about the new issues on 29th December 2014.

Newspaper Appearances
200K value, Arial view of Shwe Dagon pagoda
100K value, Bagan
100K value, U Bein Bridge

The stamps are printed by Security Printing Works (Myanmar) by 4 color offset printing method.  The perforation is 14, and composition is 50 stamps per sheet.  Total of 200,000 pieces for 200k design and 100,000 pieces each for 100k designs were produced.  First day cancellations are available at Nay Pyi Taw, Yangon and Mandalay POs.

First Day Cancellation
Technical Details of Stamps
Printer : Security Printing Works (Myanmar)
Stamp Size and Format : 42 mm x 30 mm (Horizontal)
Color : 4
Perforation : 14
Denomination : 200K (1 Design) 100K (2 Designs)
Sheet Composition :  50 Stamps per Sheet
Printing Process : Offset
Quantity : 200,000 pcs (200K design) 100,000 pcs each (100K designs)


There is no official first day cover produced by MPT.  Some collectors produced private first day covers, as usual, and maximum cards.
FDC of Stamps Myanmar
FDC issued by Myanmar Philatelic Society (limited edition of 600 covers)

FDC of Bo Group (limited edition of 120 covers)
FDC by Ko Wint Khine (limited edition of 42 covers)
FDC by Toe Kyaw Kyar
FDC by Min Ko Ko (Pyapon)
FDC by Unknown Cachet creator, cancelled at Nay Pyi Taw.
I had made some maximum cards with these stamps also using commercial postcards.  But, unluckily, I have not acquire U Bein Bridge postcard in advanced, so I cannot make maxicard of it.